ရော်နယ်ဒိုကိုယ်တိုင်ကတော့ အားပါးတရကို ရယ်မောနေခဲ့တာပါ။

ရော်နယ်ဒိုကတော့ ပေါ်တူဂီမှာ သူနဲ့ အခင်မင်ဆုံးအသင်းဖော်တွေထဲက တဦးဖြစ်တဲ့ ပီပီကို နောက်ပြောင်ကျီစယ်ပြီး ပွဲကျနေပါတယ်။ သူတို့နှစ်ဦးက ရီးရဲလ်မက်ဒရစ်မှာလည်း အတူတူကစားခဲ့ဖူးပြီး လက်ရွေးစင်အသင်းမှာလည်း နှစ်ပေါင်းများစွာ တွဲဖက်ကစားခဲ့သူတွေဖြစ်ကာ ရော်နယ်ဒိုအတွက်တော့ ပီပီက အကိုတယောက်လို ဖြစ်နေခဲ့တာပါ။ 

အခုလည်း ရော်နယ်ဒိုက ပီပီရဲ့ ရုပ်ပုံပြောင်ကို ရေးဆွဲပြီးတော့ နောက်ပြောင်ခဲ့တာပါ။ သူ ဆွဲနေတာတဲ့ပုံကို ပီပီမမြင်အောင်လုပ်ခဲ့ပြီး ပြသချိန်မှာ ရော်နယ်ဒိုတယောက် ပါးစပ်ပိတ်မရအောင်ကို သဘောတကျနဲ့ ရယ်မောနေခဲ့တာပါ။ ပီပီကတော့ ရော်နယ်ဒိုဆွဲထားတဲ့ သူ့ ပုံကို သူ ပြန်ကြည့်ပြီး ရယ်ရမလိုလို၊ ငိုရမလိုလိုဖြစ်နေခဲ့ကာ အဆိုပါ video clip က တွစ်တာမှာ တော်တော်လေးပျံ့နှံ့နေပါတယ်။ 



ပေါ်တူဂီမှာ ပီပီကို ရော်နယ်ဒိုက ခဏခဏနောက်ပြောင်ကျီစယ်လေ့ရှိပြီး အဲဒီလို နောက်ပြောင်ဝံ့တာလည်း သူတဦးတည်းပဲရှိတယ်လို့ ပရိသတ်တွေက ပြောဆိုခဲ့ဖူးပါတယ်။ အခုလည်း ပီပီကို သူက စနောက်ပြီး တော်တော်လေးသဘောတကျဖြစ်နေပြီး ပီပီတယောက် ဘာမှကိုမပြောနိုင်အောင်ဖြစ်နေခဲ့ကာ ရယ်ကျဲကျဲလေးပဲ လုပ်ခဲ့တာကို တွေ့ရမှာပါ။ 

ကမ္ဘာ့ဖလားမတိုင်ခင်မှာ ရော်နယ်ဒိုက တော်တော်လေးပေါ့ပါးနေတာကို မြင်တွေ့ရပြီး သတင်းစာရှင်းလင်းပွဲမှာလည်း သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြတ်ပြတ်သားသားပြောဆိုမှုတ​ွေလုပ်ခဲ့ပါတယ်။ ပီယာ့စ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် ဘောလုံးလောကမှာ ပွက်လောရိုက်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်နေတယ်လို့ ယူဆရပါတယ်။ 

ပေါ်တူဂီကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲအဖြစ် ဂါနာနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။ Group H မှာ ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့အတူ ကျရောက်နေတာဖြစ်ပြီး ဒီအုပ်စုက ခန့်မှန်းရခက်နေကာ ဘယ်အသင်းတွေ နောက်တဆင့်တက်မလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။ 


CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။ 

Share

Loading Next Article...
က္က