သြဂုတ်လ ၉ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မိတ်ဆက်ပြသခဲ့ပြီးတဲ့နောက် စမတ်ဖုန်းချစ်သူတွေ စောင့်မျှော်နေရတဲ့ Galaxy Note 9 ကို မြန်မာနိုင်ငံက Samsung ချစ်သူတွေအနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှ သြဂုတ်လ၂၂ရက်၊၂၀၁၈ အတွင်း (ပစ္စည်းလက်ကျန်ရှိတဲ့အထိ) ကြိုတင်မှာယူနိုင်ပြီလို့ သိရပါတယ်။
ကြိုတင်မှာယူလိုသူတွေအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ အနီးစပ်ဆုံး Samsung Brand Shop တွေနဲ့ လက်လီအရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ စရန်ငွေ ၅၀,၀၀၀ ကျပ်ပေးသွင်းကာ ကြိုတင်မှာယူနိုင်မှာပါ။
အဲဒီလိုကြိုတင်မှာယူထားသူတွေဟာ သြဂုတ်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်အတွင်း ကြိုတင်မှာယူခဲ့တဲ့ ဆိုင်မှာ သွားရောက်ထုတ်ယူရမှာပဲဖြစ်ပါတယ်။
ကြိုတင်မှာယူသူတွေအတွက် အထူးအခွင့်အရေးအနေနဲ့ Galaxy Note 9 (128 GB Version) ဝယ်ယူသူတိုင်းအတွက် ၇ သောင်းကျပ် တန်ဖိုးရှိ Samsung Original Wireless Charger Stand ကိုလည်းကောင်း၊ Galaxy Note 9 (512 GB Version) ဝယ်ယူသူတိုင်းအတွက် ကျပ် ၁သိန်း၁သောင်းခန့် တန်ဖိုးရှိ ဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အားသွင်းနိုင်တဲ့ Samsung Original Wireless Charger Duo ကိုလည်းကောင်း လက်ဆောင်အဖြစ်ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် Samsung Myanmar ကနေပြီး Samsung ချစ်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အထူးအစီအစဉ်အဖြစ် Galaxy Note 9 ကြိုတင်မှာယူအားပေးသူတွေအတွက် လက်ဆောင်ပစ္စည်းအပြင် ထပ်မံကံစမ်းနိုင်မယ့် ဆုကြီးများစွာ ပါဝင်တဲ့ အထူး ကံစမ်းမဲအစီအစဉ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။
ထပ်မံကံထူးနိုင်တဲ့ ဆုလက်ဆောင်ပစ္စည်းတွေအနေနဲ့ Grand Prize အဖြစ် Star City Thanlyin မှ အိပ်ခန်းနှစ်ခန်းပါ Apartment တစ်ခန်း၊ First Prize အဖြစ် 2017 မော်ဒယ် Mitsubishi Mirage ကားသစ်တစ်စီး၊ ဒုတိယဆုအဖြစ် Samsung 48” TV အလုံး ၃၀ နှင့် တတိယဆုအဖြစ် ရေစိုခံ Clip 2 Speaker အလုံး ၄၀၀ စတဲ့ ဆုမဲပေါင်း ၄၃၂ ဆုတို့ပါဝင်မှာပဲ ဖြစ်ပါတယ်။
Galaxy Note 9 မှာအထူးခြားဆုံး Feature အသစ်တစ်မျိုးကတော့ S Pen Remote ပါပဲ။ S Pen မှာပါဝင်တဲ့ ခလုတ်လေး ကနေ ဖုန်းရဲ့ကင်မရာကိုထိန်းချုပ်နိုင်တာကြောင့် ဖုန်းကိုတစ်နေရာမှာထားပြီးအဝေးကနေ ဓါတ်ပုံရိုက်ကူးတာမျိုးတွေပါ လုပ်ဆောင်နိုင်မှာပါ။ ကင်မရာအပြင် Gallery၊ Voice Recorder၊ Music Player စတဲ့ Application တွေကိုလည်း S Pen Setting ထဲမှာစိတ်ကြိုက်ရွေးချယ်ထားပြီး ထိန်းချုပ်လုပ်ဆောင်နိုင်ပါသေးတယ်။
ကင်မရာပိုင်းကိုကြည့်မယ်ဆိုရင်လည်း တခြားဖုန်းတွေမှာမပါဝင်သေးတဲ့ Flaw Detection နည်းပညာပါဝင်လာတာကို တွေ့ရပါတယ်။ Flaw Detection ဆိုတာက ဓါတ်ပုံရိုက်တဲ့အချိန်မှာမျက်လုံးပိတ်သွားတာ၊ ဝေဝါးသွားတာနဲ့ ကင်မရာ Lens မှာဖုန်တွေတက်နေတာမျိုးတွေရှိနေရင် အလိုလျောက်သတိပေးနိုင်တဲ့နည်းပညာပဲ ဖြစ်ပါတယ်။ Samsung Galaxy Note 9 ရဲ့အနောက်ဘက်အဓိကကင်မရာမှာ AI (Artificial Intelligent) နည်းပညာသုံး 12MP ကင်မရာနှစ်လုံးပါဝင်လို့လည်း နေပါတယ်။
ဒီအချက်တွေအပြင် Galaxy Note 9 မှာဆိုရင် လက်ပ်တော့ကွန်ပြူတာတစ်လုံးရဲ့နေရာမှာ အစားထိုးအသုံးပြုနိုင် လောက်တဲ့အထိ မျက်နှာပြင်အရည်အသွေး၊ဖုန်းတွင်းစွမ်းဆောင်ရည်၊ အသံပိုင်းနဲ့ ဘက်ထရီတို့ မှာ နောက်ဆုံးပေါ် နည်းပညာတွေ၊ မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့တည်ဆောက်ထားတာကြောင့် Galaxy Note 9 ဟာ စမတ်ဖုန်းချစ်သူတွေ အကြား အထူးတလည်းစောင့်မျှော်ရင်ခုန်ရတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လို့နေတာပါ။
Galaxy Note 9 နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို http://www.samsungmobilepress.com, news.samsung.com/galaxy ဒါမှမဟုတ် www.samsung.com/galaxy တို့ကိုဝင်ရောက်ပြီးလေ့လာကြည့်ရှုနိုင်ပါတယ်။
Share