ဒေးဗစ်လုဇ်ဟာ လူစားလဲပါဝင်ကစားခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့အမှားတွေကတဆင့် မန်စီးတီးက ၂ ဂိုးအထိ ရရှိသွားခဲ့ပါတယ်။
မန်စီးတီးနဲ့ပွဲမှာ အမှားအယွင်းတွေ ကျူးလွန်မိခဲ့ပြီး အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ဒေးဗစ်လုဇ်ဟာ ပွဲအပြီးမှာတော့ အသင်းအရေးနိမ့်ခဲ့ရတာဟာ သူ့ရဲ့အမှားတွေကြောင့်လို့ ဝန်ခံပြောဆိုသွားခဲ့ပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒေးဗစ်လုဇ်ဟာ လူစားလဲပါဝင်ကစားခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့အမှားတွေကတဆင့် မန်စီးတီးက ၂ ဂိုးအထိ ရရှိသွားခဲ့ပါတယ်။
လူစားဝင်ခဲ့ပြီးနောက် ဒေးဗစ်လုဇ်ဟာ ဘောလုံးထိန်းသိမ်းဖို့ ကြိုးစားရာကနေ ဟန်ချက်ပျက်ကာ ချော်ခဲ့ပြီး စတာလင်ဆီဘောလုံးရောက်ရှိသွားကာ အင်္ဂလန်ကစားသမားက အပြင်းကန်သွင်းယူကာ အဖွင့်ဂိုးယူသွားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာခင်မှာပဲ မန်စီးတီးကစားသမားကို ဧရိယာအတွင်း ဆွဲလှဲခဲ့လို့ ပယ်နယ်တီပေးခဲ့ရသလို သူကိုယ်တိုင်လည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဒေးဗစ်လုဇ်က "ဒါက အသင်းရဲ့ အားနည်းမှုတွေကြောင့်မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ အမှားတွေကြောင့်ပါ၊ နည်းပြကလည်း အံ့အားသင့်ဖွယ်ရာနည်းပြဖြစ်ပြီး ကစားသမားအားလုံးလည်း အကောင်းဆုံးပြုလုပ်နိုင်ခဲ့ကြပါတယ်၊ ကျွန်တော့်ရဲ့ အမှားတွေပါပဲ၊ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်တော် ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့သင့်ပါတယ်၊ ဒါကို ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူး"
"ဒါတွေကအားလုံးက ကျွန်တော့်ရဲ့စာချုပ်ကိစ္စပါပဲ၊ ဒါကို ကျွန်တော် ဆင်ခြေအဖြစ်တော့ မပြောချင်ဘူး၊ အဲဒါက ကျွန်တော့်အမှားသက်သက်ပါပဲ၊ ဒါပါပဲ" လို့ သူ့ရဲ့အမှားကို ဝန်ခံခဲ့သလို စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး အသင်းနဲ့သူနဲ့ကြားမှာ ပြတ်ပြတ်သားသားဆုံးဖြတ်သင့်ခဲ့တယ်ဆိုတာကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"ကျွန်တော် ဒီမှာ ဆက်ရှိနေချင်ပါတယ်၊ ဒါကို နည်းပြလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာပါ" လို့ ဒေးဗစ်လုဇ်က Sky Sports ကို ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ကတော့ မန်စီးတီးကို ၃-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီးတော့ ဥရောပဝင်ခွင့်ရရှိဖို့ မျှော်လင့်ချက်တွေ ပိုမိုဝေ၀ါးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။