သရုပ်ဆောင် လင်းလက်ဟိန်းကတော့ ရပ်ကွက်မှာ မူးယစ်သောင်းကျန်းမှုနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
ဥပဒေပုဒ်မ ၃၀၇နဲ့ အရေးယူခြင်း ခံထားရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်းကို အောက်တိုဘာ(၁၈) ရက်နေ့မှာ အာမခံနဲ့ လွှွတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ(၁၉) ရက်နေ့က ရပ်ကွက်မှာ ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ နဲ့ဖမ်းဆီးထားပြီး ရမန်ယူထားဆဲ ကာလအပြီးမှာ အာမခံနဲ့ လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အာမခံနဲ့ လွှတ်ပေးလိုက်တာ ဟုတ်ပါတယ်။ ကျန်တာကတော့ သင်္ဃန်းကျွန်း တရားရုံးကို ဆက်မေးပါ” ဆိုပြီး သင်္ကန်းမြို့နယ်ရဲစခန်းက ရဲမှူးကောင်းနိုင်က Duwun ကို ပြောပါတယ်။
သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရပါတယ်။ ဖမ်းဆီးရာမှာ လင်းလက်ဟိန်းလက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကိုလည်း ကတ်ကြေးဖြင့် ပြေးထိုးခဲ့တာကြောင့် လင်းလက်ဟိန်းအား ရဲတပ်ဖွဲ့ဝင် တဦးက အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။