စိုးရိမ်ရေမှတ်အထက် ၅ ပေးလောက်ရှိနေပါတယ်။

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် အခုရက်ပိုင်းအတွင်း ရေ ကြီးနစ်မြှုပ်မှုတွေ ပြန်လည် ဖြစ်ပေါ်နေပါတယ်။

 

41027653_1928180053934878_2173005271385767936_n.jpg

Photo - ဘားအံ သတင်းစုံ

 

ဘားအံမြို့မှာ ဇူလိုင်လ ၁၉ ရက်လောက်ကစတင်ရေကြီးနေတာဖြစ်ပြီး အခုရေကြီးမှုဟာဆိုရင် ၁ လခွဲအတွင်း လေးကြိမ်မြောက်ရေကြီးမှုလည်း ဖြစ်တယ်လို့ ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က စက်တင်ဘာ ၆ ရက်က Duwun မီဒီယာကိုပြောပါတယ်။

“ကျွန်တော်မြို့ က ၇၅၀ စင်တာမီတာဆိုစိုးရိမ်ရေမှတ်ရောက်တယ်။ အခု ဇူလိုင် ၃၀ ရက်နေ့က ၉၃၈ စင်တာမီတာကိုရောက်သွားတော့ နှစ်ငါးဆယ်အတွင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းကနေ ရေက နည်းနည်းလေး ကျလိုက်၊ ပြန်တတ်လာလိုက်နဲ့ အခုဆိုရင် ရေတတ်တာ ၁ လခွဲလောက်ရှိပါပြီ” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်က ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ တိုင်းတာချက်အရတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ငါးပေခွဲလောက်မှာရှိနေပြီး နောက်နှစ်ရက်အတွင်း ထပ်ပြီး တတ်လာနိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ခန့်မှန်းထားပါတယ်။

“လောလောဆယ်က စိုးရိမ်ရေမှတ် အထင်ငါးပေငါပေခွဲလောက်မှာရှိနေတုန်းပဲ။ နောက်ထပ်တစ်ရက် နှစ်ရက်လောက် ထပ်တက်ဦးမယ်။ မုတ်သုံအားကောင်းတာလည်းပါတယ်။” လို့ မိုးဇလဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက စက်တင်ဘာ ၆ ရက်က Duwun ကိုပြောပါတယ်။

မြစ်ရေမြင့်တတ်တာအပြင် မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့်လည်း ရေကြီးနစ်မြှုပ်နေတာဖြစ်ပြီး နောက်ရက်တွေအတွင်းမှာ ဆက်လက် ရေကြီးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ကာ လှိုင်းဘွဲ့မြို့မှာ ရေစတင်ကြီးခဲ့ပြီး ဖာပွန်၊ဘားအံ စတဲ့မြို့နယ်တွေမှာ ရေဆက်လက်ကြီးလာခဲ့ပြီး လက်ရှိအချိန်ထိ ရေပြန်ကျသွားခြင်းမရှိသေးဘူးလို့သိရပါတယ်။ ရေဘေးဒုက္ခသည်စခန်းတွေလည်း ရေဘေးဖြစ်တဲ့အချိန်ကစပြီး ၄၄ ခုရှိရာကနေ လက်ရှိတော့ ၁၉ ခုထိ ဖွင့်လှစ်ပြီး ရေဘေးတိမ်းရှောင်သူတွေကို ကူညီစောင့်ရှောက်ပေးနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က