စပိန်လူမျိုးနည်းပြဟာ ပေါ်တူဂီနောက်ခံလူရဲ့ လာမယ့်ရာသီဟာ ဘာဖြစ်မလဲဆိုတာကို မသိဘူးလို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပက် ဂွါဒီယိုလာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျာအို ကန်ဆယ်လိုရဲ့ အနာဂတ်ဟာ လာမယ့်ရာသီမှာ ဘာဖြစ်မလဲဆိုတာ မသိဘူးလို့ ပြောကြားခဲ့ပါတယ်။

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးမှာ နည်းပြ ဂွါဒီယိုလာရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ နေရာပေးခြင်း မခံခဲ့ရတဲ့နောက် ယခုရာသီကုန်အထိ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကစားသမားရဲ့ ကိုယ်ဟန်အမူအရာဟာ ဂွါဒီယိုလာ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ ပေါ်တူဂီနောက်ခံလူရဲ့ လာမယ့်ရာသီဟာ ဘာဖြစ်မလဲဆိုတာကို မသိဘူးလို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဂွါဒီယိုလာက "ပထမဆုံး ကျွန်တော် သူ့ရဲ့ ၄ လက အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်လာမယ့်ရာသီမှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ နောက်ဆုံး လိဂ်ဖလား ၂ လုံးအနိုင်ရခဲ့တာဟာ မယုံနိုင်စရာ ကိန်းဂဏန်းပါ။ ကမ္ဘာ့ဖလားပြီးမှာ ကျွန်တော်တို့ ရာသီကြိုကစားပြီး မတူညီတဲ့ပုံစံအချို့နဲ့ ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် ကြည့်ခဲ့ရတတွေကို နှစ်သက်တယ်။ ကျွန်တော် တခြားကစားသမားတွေကို အချိန်ပိုပေးခဲ့တယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက ကျွန်တော့်လိုပဲ။ သူ ကစားရတာကို နှစ်သက်တယ်။ သူ အကောင်းဆုံးလေ့ကျင့်တယ်။ အခြေအနေက သူ များများစားစား မကစားခဲ့ရပါဘူး"


"ပြီးခဲ့တဲ့နှစ်တွေမှာ မိနစ်တွေပိုရခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ သူ ပျော်ရွှင်ဖို့အတွက် ပွဲကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့ကို မြူးနစ်သွားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ဂျာအိုကို လိုချင်တာက သူက ထူးခြားတဲ့ကစားသမားမို့လို့ပါ။ သူ့ရဲ့ အလုပ်ကျင့်ဝတ်၊ ဆန္ဒပြင်းပြမှုနဲ့ အရည်အချင်းတွေကို ကျွန်တော် မကောင်း ပြောမှာမဟုတ်ပါဘူး။ အားလုံးက အဲဒါကို သိကြပါတယ်။ အပြောင်းအရွှေ့ကာလမပိတ်ခင် တစ်ရက်၊ ၂ ရက်မှာ အပြောင်းအရွှေ့က ဖြစ်ပျက်ခဲ့ပါတယ်။ လူစာရင်းနဲ့ပတ်သက်ပြီး အမြဲတမ်း ကျွန်တော် စိတ်ကျေနပ်ခဲ့တယ်။ ဟုတ်၊ မဟုတ် သေချာမသိပေမယ့်လည်း ဘဏ်ထဲမှာ ပိုက်ဆံရှိနေတာက ပိုကောင်းပါတယ်။ ငွေပိုသုံးတာကို အပြစ်မတင်ပါနဲ့"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က