ပထမပိုင်းမှာကတည်းက ၂ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တဲ့ ပြင်သစ်ဟာ ဒုတိယပိုင်းမှာ ၃ ဂိုးအထိ သွင်းယူပြီး ၃-၂ နဲ့ အနိုင်ယူခဲ့ကာ ဗိုလ်လုပွဲမှာ စပိ်န်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံ နဲ့ ပြင်သစ်တို့ရဲ့ပွဲစဉ်မှာတော့ ပြင်သစ်ဟာ အံ့အားသင့်ဖွယ်ရာပြန်လာနိုင်မှုနဲ့အတူ ဗိုလ်လုပွဲဆီ အရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်းမှာကတည်းက ၂ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တဲ့ ပြင်သစ်ဟာ ဒုတိယပိုင်းမှာ ၃ ဂိုးအထိ သွင်းယူပြီး ၃-၂ နဲ့ အနိုင်ယူခဲ့ကာ ဗိုလ်လုပွဲမှာ စပိ်န်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ရွှေရောင်မျိုးဆက်ကာလလို့ တင်စားခံခဲ့ရတဲ့ ဘယ်လ်ဂျီယံကတော့ ပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေနဲ့သာ ကျေနပ်နေရဆဲဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ရှုံးချက်နာခဲ့ရပါတယ်။ ကာရက်စ်ကိုရဲ့ ထောင့်ကျဉ်းထဲ သွင်းယူခဲ့တဲ့ ဂိုး၊ လူကာကူရဲ့ ညာခြေနဲ့ လှလှပပသွင်းယူခဲ့တဲ့ဂိုးတွေကြောင့် ဘယ်လ်ဂျီယံတို့ ပြင်သစ်ကို ဂိုးပြတ်ဦးဆောင်နေခဲ့ပြီးမှ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ယူရိုမှာ အခြေအနေမကောင်းခဲ့မှုတွေကို ပြင်သစ်တို့ ချေဖျက်နိုင်ခဲ့သလို ပင်နယ်တီလွဲချော်လို့ ညတစ္ဆေခြောက်ခံနေရတဲ့ ဘတ်ပီက ဒီပွဲမှာ အရေးပါတဲ့ချေပဂိုးကို ပင်နယ်တီကနေ သွင်းခဲ့လို့လည်း စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဒီဘရိုင်းကတော့ အသင်းအတွက် ၂ ကြိမ်ဖန်တီးပေးပြီး ခြေစွမ်းပြခဲ့ပေမယ့် ရှုံးပွဲကြောင့် အရာမထင်ခဲ့ဘဲရှိနေခဲ့ပါတယ်။ ဒက်ချမ့်စ်အတွက်တော့ သူ့အသင်းရဲ့ ပြန်လည်ရုန်းထနိုင်ခဲ့မှုက တော်တေ်လေးကျေနပ်စရာကောင်းနေခဲ့ပါတယ်။