အသင်း ၃ သင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုကတော့ အံ့အားသင့်ဖွယ်ရာဂိုးသွင်းမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြန်ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြက္ခဒိန်တနှစ်အတွင်းမှာပဲ အသင်း ၃ သင်းရဲ့ ဂိုးသွင်းအများဆုံကစားသမားဆိုတဲ့ စံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပြီး ဒီလိုမှတ်တမ်းမျိုးက တော်တော်လေးရှားပါးတယ်လို့လည်းဆိုပါတယ်။ 



ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်အတွင်း ဂျူဗင်တပ်စ်ကနေ အသင်းဟောင်းယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ဒီမှတ်တမ်းကို ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက် နဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့မှာ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သွားခဲ့တာလည်းဖြစ်ပါတယ်။ 


၂၀၂၁ ခုနှစ်အတွင်းမှာ ရော်နယ်ဒိုက ဂျူဗင်တပ်စ်အတွက် သွင်းဂိုးပေါင်း ၂၀ အထိ သွင်းယူပေးခဲ့ကာ လက်ရွေးစင်အသင်းအတွက် ၁၃ ဂိုး၊ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂျူဗီကနေ ဒီရာသီအစပိုင်းမှာ သူ ထွက်ခွာခဲ့ပေမယ့် သူ့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီဘာလာ၊ မိုရာတာ၊ ချီယေဆာတို့လို ကစားသမားတွေက လွှဲပြောင်းမရယူနိုင်ခဲ့ပါဘူး။
 


ဒါ့အပြင် ယူနိုက်တက်ကို ရောက်ရှိတာ လအနည်းငယ်သာရှိနေခဲ့ပေမယ့် ၂၀၂၁ အတွင်းမှာ သွင်းဂိုးအများဆုံးရအောင် သူက စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းဟောင်းမှာလည်း သူ့ကိုလိုက်မီအောင် စွမ်းဆောင်နိုင်သူမရှိ၊ အသင်းသစ်ယူနိုက်တက်မှာကျပြန်တော့ ဂိုးအများဆုံးသွင်းနိုင်သူဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့မှုတွေကတော့ အသိအမှတ်ပြုချီးကျူးရမှာလည်းဖြစ်ပါတယ်။ 


Share

က္က