ဒုတိယပိုင်းမှာ ဆဌမတန်းပြိုင်ဘက်တွေကို ၇-၀ နဲ့ အနိုင်ရရှိအောင် ၂ ဂိုး မသွင်းယူမီ ပထမပိုင်းမှာ ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေဟာ ပီအက်စ်ဂျီအသင်းအတွက် မယုံနိင်ဖွယ် ၅ ဂိုး သွင်းယူခဲ့တဲ့ ခီလီယန် အမ်ဘာပေရဲ့ စွမ်းဆောင်ရည်ကို အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

အမ်ဘာပေဟာ ပေးစ်ဒီကက်ဆဲလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဆဌမတန်းပြိုင်ဘက်တွေကို ၇-၀ နဲ့ အနိုင်ရရှိအောင် ၂ ဂိုး မသွင်းယူမီ ပထမပိုင်းမှာ ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်နဲ့အတူ ပြင်သစ် တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ တစ်ပွဲတည်းမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ပီအက်စ်ဂျီကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး တနင်္လာနေ့ညက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခဲ့ချိန်မှာ ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ပေးစ်ဒီကက်ဆဲလ်နဲ့ပွဲစဉ်မှာ မယုံနိုင်ဖွယ် သွင်းဂိုးအရေအတွက်ကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း တွစ်တာပေါ်က ပရိသတ်တွေဟာ ရင်ခုန်ခဲ့ခြင်းမရှိဘဲ ပရိသတ်တစ်ဦးဆိုရင် ၂၀၁၂ ခုနှစ်တုန်းက လေဗာကူဆင်ကို ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ ဘာစီလိုနာအတွက် ၅ ဂိုးအထိ သွင်းယူပေးခဲ့တာနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ "လီယွန်နယ် မက်ဆီက ဥရောပချန်ပီယံလိဂ်တရားဝင်ပွဲစဉ်မှာ ၅ ဂိုးသွင်းခဲ့ပြီးသား။ အဲဒီလိုလုပ်ဖို့က လွယ်တယ်ထင်ရင် ဘိုင်ယန်မြူးနစ်နဲ့ပွဲကျရင် ၅ ဂိုး သွင်းခိုင်းလိုက်လေ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "ဘာမှ မထူးခြားဘူး အမ်ဘာပေက ၅ ဂိုးသွင်းနိုင်မှာပေါ့။ သူ ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်က ပြင်သစ်လိဂ်ရဲ့ ဆဌမတန်းက အပျော်တမ်းအသင်းလေးကိုး။ မက်ဆီက ဂုဏ်သိက္ခာကြီးမားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လေဗာကူဆန်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ၅ ဂိုးသွင်းနိုင်ခဲ့တာ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းဟာ ပေးစ်ဒီကက်ဆဲလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ဖလား ၃၂ သင်းအဆင့်ကို ရေပန်းအစားဆုံးအသင်းအဖြစ် ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့်လည်း မက်ဆီမပါဝင်တဲ့ လီဂူးဝမ်းချန်ပီယံတွေကို ၂၉ မိနစ်အထိ ဂိုးမသွင်းနိုင်အောင် ဆဌမတန်းအသင်းက တောင့်ခံထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က