အမ်ဘာပေကို မက်လောက်စရာ ငွေကြေးနဲ့ ပီအက်စ်ဂျီက ဆွဲဆောင်ထားတာပါ။

ပြင်သစ် အခြေစိုက် သတင်းဌာန El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ ကစားသမား မက်ဆီဟာ အသင်းဖော် အမ်ဘာပေ ကမ္ဘာပေါ်မှာ လုပ်ခအများဆုံး ကစားသမားဖြစ်လာမယ့်အပေါ် မလိုလားဘူးလို့ ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းဖို့ ပီအက်စ်ဂျီက အားစိုက်ကြိုးပမ်းနေချိန်မှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။



ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီဟာ အမ်ဘာပေကို စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခ ယူရိုသန်း (၁၀၀) အပြင် အခွန်ဆောင်ပြီး တပတ်လုပ်ခ ပေါင် (၈) သိန်းအထိ ပေးချေသွားမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒီပမာဏဟာ အမ်ဘာပေကို ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာစေဖို့ရှိပါတယ်။

ပီအက်စ်ဂျီဟာ အရင်တည်းက အမ်ဘာပေအတွက် ရော်နယ်ဒို၊ မက်ဆီတို့ထက် ပိုမိုများပြားတဲ့ လစာငွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်ကတော့ အမြဲတမ်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အခုစာချုုပ်သစ် ဆွေးနွေးနေချိန်မှာ တိုးတက်မှုတွေရှိလာပြီး ပီအက်စ်ဂျီဘက်က ဒီလိုမျိုး မက်လောက်စရာ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်မှာ လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုက ထိပ်ဆုံးမှာ ရပ်တည်နေပြီး မက်ဆီက ဒုတိယနေရာမှာရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု အမ်ဘာပေအတွက် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို မက်ဆီတယောက် မပျော်မရွှင်ဖြစ်နေပြီး ဒါက ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့ လမ်းခွဲကို အစပြုစေနိုင်တယ်လို့ ပြင်သစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေဟာ ဒီရာသီမှာ ပီအက်စ်ဂျီရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်လို့ရပြီး ပြိုင်ပွဲစုံ (၃၄) ပွဲမှာ သွင်းဂိုး (၂၄) ဂိုး၊ ဂိုးဖန်တီးမှု (၁၇) ကြိမ်အထိ ပြုလုပ်ပေးထားနိုင်တာလည်း ဖြစ်ပါတယ်။  

Share

Loading Next Article...
က္က