ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရတာကြောင့် အရင်ကတည်းက ဥရောပထိပ်တန်းအသင်းကြီးတွေဆီကနေ စိတ်ဝင်စားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေရဲ့ မိခင်ဟာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ အရိပ်အမြွက်ပေးခဲ့တယ်လို့ တွစ်တာပေါ်က ပရိသတ်တွေက ထင်မြင်နေကြပါတယ်။

အင်္ဂလန်နဲ့ကစားခဲ့တဲ့ပွဲမှာ များများစားစား မလုပ်ပြနိုင်ခဲ့ပေမယ့်လည်း အမ်ဘာပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံပြသနေတဲ့ ကစားသမားဆိုတာ ငြင်းလို့မရဘဲ ကာတာမှာ ၅ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရတာကြောင့် အရင်ကတည်းက ဥရောပထိပ်တန်းအသင်းကြီးတွေဆီကနေ စိတ်ဝင်စားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလမှာ သတင်းတွေက အမ်ဘာပေဟာ ပီအက်စ်ဂျီကို စွန့်ခွာချင်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပြီး စပိန်သတင်းဌာနက Marca က လီဗာပူးလ်အသင်းဟာ အမ်ဘာပေရဲ့ ရွေးချယ်စရာတွေထဲက ဖြစ်နိုင်ခြေအရှိဆုံးရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း အမ်ဘာပေဟာ ၂၀၁၇ ခုနှစ်တုန်းက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့မိခင် ဖေဇာ လာမာရီဟာ စနေနေ့က အင်္ဂလန်ကို ပြင်သစ်က ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း လီဗာပူးလ်ပရိသတ်တစ်ယောက်နဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့ရာမှာ အသင်းတံဆိပ်ကို ညွှန်ပြထားခဲ့တာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံဟာ လီဗာပူးလ်ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး မာဆေးဆိုဒ်ပရိသတ်တွေဟာ လာမာရီက အမ်ဘာပေကို လီဗာပူးလ်ကို ပြောင်းရွှေ့ချင်လာအောင် လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ "အမ်ဘာပေအမေက လီဗာပူးလ်အပြောင်းအရွှေ့အတွက် တွန်းအားပေးနေတုန်းပဲ"လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "အဲဒီတော့ လီဗာပူးလ်ကို ပြောင်းရွှေ့လာဖို့ အခွင့်အရေးရှိတယ်လို့ ခင်ဗျားက ပြောချင်တာလား"လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က