လာမယ့်နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူးက လာလီဂါကို ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့မှုက အလွန်အမင်း လတ်ဆတ်နေဆဲလို့ ခံစားရသေးပေမယ့် လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်ဟာ အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲကို စွန့်ခွာပြီး ကမ္ဘာပေါ်က အချမ်းသာဆုံးကလပ်အသင်းတွေထဲက တစ်သင်းကို ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင်တဲ့အခြေအနေမှာ ရှိနေပြီဖြစ်ပါတယ်။

ရာ့လ်ဖ် ရန်းနစ်ခ်ဟာ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြသစ်အဖြစ် တရားဝင်ကြေညာခြင်း ခံခဲ့ရပြီဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ ရေရှည်စီမံကိန်းနဲ့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်တတ်တဲ့ အတွေးအခေါ်တွေကြောင့် ဂုဏ်သတင်းကျော်ဇောသူဖြစ်ပြီး ယာယီနည်းပြအဖြစ် ၆ လ ကိုင်တွယ်ပြီးနောက်မှာ အသင်းရဲ့ အကြံပေးရာထူးအဖြစ် ၂ နှစ် ဆက်လက်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ရန်းနစ်ခ်ရဲ့ တိုက်စစ်အမြန်ကစားပုံနဲ့ သင့်တော်တော့သူမဟုတ်ဘဲ ယခုရာသီမှာ ဘောလုံးမရှိတဲ့အချိန် ကျောက်ရုပ်ကြီးဖြစ်နေတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပြီးဖြစ်ပါတယ်။



အဲဒါကြောင့် အသင်းကို ရောက်လာတဲ့ ရန်းနစ်ခ်အနေနဲ့ ပေါ်တူဂီကြယ်ပွင့်ကို ဘယ်လို အသုံးပြုသွားမလဲဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာပြီး ရော်နယ်လ်ဒိုကို အရန်ခုံပဲ ပို့မလား၊ ရောင်းပဲ ရောင်းထုတ်မှာလားလို့ အားလုံးက ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့ဂျ် မန်းဒက်စ်က အမ်ဘာပေအနေနဲ့ လာမယ့်နွေရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့ချင်တဲ့ အိပ်မက်ကြောင့် ပီအက်စ်ဂျီအသင်းကို စွန့်ခွာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ရောင်းချလို့ ရရှိခဲ့တဲ့ ငွေကြေးထဲက အချို့ကို ရော်နယ်လ်ဒိုကို ဝယ်ဖို့အတွက် အသုံးပြုသွားလိမ့်မယ်လို့ မန်းဒက်စ်က မျှော်လင့်နေကြောင်း သိရပါတယ်။ အဲဒါက ကမ္ဘာပေါ်မှာ ၁၂ နှစ်ကြာ အကောင်းဆုံးကစားသမား ၂ ဦးအဖြစ် ရပ်တည်နေတဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးဟာ နောက်ဆုံးမှာတော့ တစ်သင်းတည်း အတူတူ တွဲကစားနိုင်ကောင်း တွဲကစားနိုင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လာမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရော်နယ်လ်ဒိုကတော့ အရင်တုန်းက ကစားသမားဘဝကို အိုးထရက်ဖို့ဒ်မှာ အဆုံးသတ်သွားချင်တဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပေမယ့် ပေါ်တူဂီကြယ်ပွင့်ဟာ ကစားသမားဘဝစတင်ခဲ့တဲ့ စပို့တင်း လစ္စဘွန်းအပါအဝင် အခြားအသင်းတွေအကြောင်းလည်း ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီသတင်းဟာ စိုးရိမ်စရာ သတင်းဖြစ်လာပြီး ကြားနေသမားတွေအတွက်ကတော့ ပိုပြီး အပိုင်းပိုင်းကွဲဖို့ ဖြစ်လာမှာဖြစ်ပါတယ်။

အချို့ကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ပရီးမီးယားလိဂ်မှာ ရှိနိုင်သလောက် ရှိစေချင်မှာဖြစ်ပြီး အခြားလူတွေကတော့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို ပြိုင်ဘက်မဟုတ်ဘဲ အသင်းဖော်တွေအဖြစ် ကွင်းထဲမှာ အတူတူ တွဲကစားတာကို မြင်ချင်နေကြမှာ ဖြစ်ပါတယ်။

Share

က္က