အမ်ဘာပေနဲ့ပတ်သက်လို့ မိုဒရစ်က ပြောကြားခဲ့တာပါ။

ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပြီးမှ ပီအက်စ်ဂျီမှာပဲ (၂၀၂၅) အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ အမ်ဘာပေနဲ့ ပတ်သက်လို့ မိုဒရစ်က အံ့အားသင့်ဖွယ် ဖွင့်ဟပြောကြားလာပါတယ်။ အမ်ဘာပေဟာ ပုံမှန်အားဖြင့် လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။



ရီးရဲလ်မက်ဒရစ်က ဒီကစားသမားကိုခေါ်ယူဖို့ အလုံးစုံပြင်ဆင်ခဲ့ပြီးဖြစ်ပေမယ့် ပြင်သစ်နဲ့ကာတာတို့ရဲ့ ဖိအားတွေကြောင့် အမ်ဘာပေက ပဲရစ်မြို့ခံအသင်းနဲ့သာ စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဒီလိုမျိုး စာချုပ်သက်တမ်းတိုးဖို့အတွက် အမ်ဘာပေကို မက်လောက်စရာငွေကြေး၊ နည်းပြနဲ့အားကစားဒါရိုက်တာတို့ထက် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ၊ ဘက်တော်သားတွေကတော့ အမ်ဘာပေကို အကြီးအကျယ်ပေါက်ကွဲပြီး နောက်ဘယ်တော့မှ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ဆီမခေါ်ဖို့ စဥ်းစားဆုံးဖြတ်ထားကြပါတယ်။ ဒါပေမယ့် မိုဒရစ်ကတော့ “အမ်ဘာပေက သူဆုံးဖြတ်ချင်တဲ့အတိုင်း ဆုံးဖြတ်တာပါ။ ဒါက သူ့ရဲ့လုပ်ပိုင်ခွင့်ပဲလေ။ အခု သူ့ဆုံးဖြတ်ချက်နဲ့သူ နေရတော့မှာပါ”

“သူ ကျနော်တို့အသင်းကို လာမယ်လို့ အားလုံးက ထင်ခဲ့ပါတယ်။ ဒါပေမယ့်မဖြစ်လာပါဘူး။ ဒီတော့ ဘာဖြစ်လို့လဲ? ကျနော်တို့ သူ့ကိုသေလောက်အောင် ဝေဖန်နေမှာ မဟုတ်ပါဘူး။ အမ်ဘာပေက ထိပ်တန်းကစားသမားတယောက်ပါ။ ဒါပေမယ့် ကျနော် အမြဲတမ်းပြောနေကျ စကားကိုပဲ ပြန်ပြောရပါမယ်။ အသင်းထက် ပိုပြီးအရေးကြီးတဲ့ ကစားသမားဆိုတာ မရှိပါဘူး”

“ရီးရဲလ်မက်ဒရစ်က အကြီးကျယ်အခမ်းနားဆုံးအသင်းတသင်း၊ ကစားသမားအားလုံးရဲ့အထက်မှာရှိတဲ့ အသင်းတသင်းပါ။ အမြဲတမ်း ဒီအတိုင်းပဲဖြစ်မှာပါ။ မနက်ဖြန်မှာ ဘာဖြစ်မလဲ၊ နောက်သုံးလေးနှစ်ကျရင် ဘောလုံးလောကမှာ ဘာဖြစ်မလဲ ဘယ်သူက ကြိုသိနိုင်မှာလဲ။ အချိန်ကပဲ စကားပြောသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က