ပီအက်စ်ဂျီနောက်ခံကစားသမားဟောင်း မက်စ်ဝဲလ်က အမ်ဘာပေရဲ့ ခြေစွမ်း မြင့်တက်လာပေမယ့်လည်း လီယွန်နယ် မက်ဆီက ကမ္ဘာပေါ် က အကောင်းဆုံးကစားသမား ဖြစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ၎င်းရဲ့ ခြေစွမ်း တဟုန်ထိုးမြင့်တက်လာပြီး လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာအသင်းမှာ လီယွန်နယ် မက်ဆီနဲ့အတူ ကစားခဲ့ဖူးတဲ့ မက်စ်ဝဲလ်က အာဂျင်တီးနားကြယ်ပွင့်က ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ဘယ်နောက်ခံလူဟောင်းဟာ အမ်ဘာပေကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အနာဂတ်မှာ မက်ဆီရဲ့ ရော်နယ်လ်ဒိုတို့ရဲ့ နေရာမှာ ဆက်ခံနိုင်မယ့်သူလို့ တစ်ကြို ပေးခဲ့တာ ဖြစ်ပါတယ်။ မက်စ်ဝဲလ်က ဟာလန်းကလည်း ပြင်သစ်တိုက်စစ်မှူးနဲ့အတူ ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့်ကစားသမားလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားက အမြဲတမ်း မက်ဆီပဲ။ ဒါပေမယ့် အမ်ဘာပေက လာမယ့် ၁၀ နှစ်အတွင်း အာလင်း ဟာလန်းနဲ့အတူ ဘောလုံးလောကကို လွှမ်းမိုးနိုင်မယ့်ကစားသမားဆိုတာ ပြသနေပါတယ်။ ဒီကစားသမား ၂ ဦးက ခရစ္စတီယာနိုနဲ့ မက်ဆီတို့နောက်ပိုင်း ဒီနေရာကို ဆက်ခံနိုင်ဖို့ အရမ်းကောင်းတဲ့ပုံစံမှာ ရှိနေကြပါတယ်။ သူတို့တွေ ပိုပြီး အားကောင်းလာနေပါတယ်။ ဒါပေမယ့် အမ်ဘာပေက ထူးခြားတယ်ဆိုတာ သေချာပါတယ်။ ထူးခြားတဲ့ ပါရမီရှင်ပါ။ ကျွန်တော်တို့က ကမ္ဘာ့ဖလားရရှိခဲ့ပြီးသားဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားအကြောင်း ပြောနေတာဖြစ်ပြီး သူက နောက်ထပ်တစ်ကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုလည်း တက်ရောက်ခဲ့ပြီးပါပြီ။ သူ ဖြတ်သန်းခဲ့တာတွေက ထူးခြားပါတယ်။ သူက လူငယ်ကစားသမားအများအပြားရဲ့ အိပ်မက်တွေကို သယ်ဆောင်ပေးနေတာပါ။”လို့ ပြောကြားခဲ့ပါတယ်။