ဘာစီလိုနာဂန္တဝင်ကို လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေက ချီးမွမ်းခန်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

 လီယွန်နယ် မက်ဆီဟာ စနေနေ့ညက ပီအက်စ်ဂျီအသင်းအတွက် ရင်သပ်ရှုမောဖွယ် ဂိုးသွင်းယူခဲ့တဲ့ ခီလီယန် အမ်ဘာပေရဲ့ သွင်းဂိုးကို no-look ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။

 

ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ရက်ပိုင်းအကြာမှာပဲ လီဂူးဝမ်းပွဲစဥ်အဖြစ် ဘရက်စ်နဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ကားလို့စ် ဆိုလာက ပထမပိုင်းမှာ ဂယ်လ်တီယေးရဲ့အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် ၆ မိနစ်အကြာမှာပဲ ဖရန့်ခ် ဟိုနိုရတ်က ဘရက်စ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း လီဂူးဝမ်းချန်ပီယံတွေဟာ မိနစ် ၉၀ မှာ လီယွန်နယ် မက်ဆီရဲ့ ကြောက်မက်ဖွယ် ကောင်းမွန်တဲ့ ဂိုးဖန်တီးမှုကြောင့် ဘရက်စ်ကို အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်က ကွင်းလယ်စည်းနားကနေ ဘောလုံးကို ရယူပြီး​နောက် အရှေ့တက်နေတဲ့ ဘရက်စ်နောက်တန်းတစ်တန်းလုံး ဖရိုဖရဲဖြစ်သွားစေမယ့် ပေးပို့မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

အမ်ဘာပေက လီယွန်နယ် မက်ဆီရဲ့ no-look ပေးပို့မှုကို ရယူပြီးနောက် ဂိုးရှေ့ကို တဟုန်ထိုး ပြေးလွှားသွားခဲ့ပြီး နယ်သာလန်ဂိုးသမား မာကို ဘီဇော့နဲ့ တစ်ဦးချင်း သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ကူကယ်ရာမဲ့နေတဲ့ ဘီဇော့ကို ကျွမ်းကျင်လိမ္မာစွာနဲ့ ဖြတ်ကျော်ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်အလွတ်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ကလပ်အသင်း ဂိုးဖန်တီးမှု အကြိမ် ၃၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာဂန္တဝင်ကို လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေက ချီးမွမ်းခန်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

 

“သူ့ရဲ့ no-look ဂိုးဖန်တီးမှုက အံ့မခန်း ထူးခြားတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဝိုး မက်ဆီကျတော့လည်း လွယ်လိုက်တာ။ မက်ဆီက GOAT ပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က