အမ်ဘာပေနဲ့ရီးရဲယ်တို့ အကြိုသဘောတူညီမှုရရှိခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေအတွက် တပတ်လုပ်ခ ပေါင် (၈) သိန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း နောက်ဆုံးခြောက်လအတွင်း ရောက်ရှိနေတာကြောင့် အခြားအသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရှိနေပါပြီ။



ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ရီးရဲယ်မက်ဒရစ်နဲ့အတူ တနှစ်လုပ်ခ ပေါင် (၄၁.၆) သန်းရရှိမယ့် စာချုပ်တရပ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်သင်းက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့နေတာကြောင့် အဲ့ဒီပွဲနှစ်ပွဲ မပြီးခင်အထိ တရားဝင် ကြေညာချက်ထုတ်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အမ်ဘာပေနဲ့ ရီးရဲယ်မက်ဒရစ်တို့ အကြိုသဘောတူညီမှုရရှိတယ်ဆိုတာကို တရားဝင်ကြေညာဖို့ရှိပြီး ရီးရဲယ်မက်ဒရစ်အနေနဲ့ အမ်ဘာပေလို ကစားသမားမျိုးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ အဆုံးသတ်ပိုင်းကာလမှာ ရီးရဲယ်မက်ဒရစ်တို့ အမ်ဘာပေကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအထိ ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခီလိုင်ဖီ၊ အားကစားဒါရိုက်တာ လီယိုနာဒိုတို့က ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်က ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် သူ့အနေနဲ့ အတင်းအကျပ် လုပ်ဆောင်သွားမှာမဟုတ်ဘူးဆိုတာကိုလည်း အတိအလင်း ပြောကြားခဲ့ပြီးသားပါ။ ရီးရဲယ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကတော့ ပီအက်စ်ဂျီအနေနဲ့ ဒီလောက်အထိ ခါးခါးသီးသီး ငြင်းဆန်နေရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ဖို့ပဲရှိတယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က