ဖာဒီနန်ကတော့ ကွက်ကွက်ကွင်းကွင်း ပြောသွားခဲ့တာာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ‌ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့တဲ့နောက် ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ်ရော၊ ယူနိုက်တက်ရော အမ်ဘာပေကို ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။



အမ်ဘာပေဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာကတည်းက ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ သတင်းထွက်နေပြီး သူ့ကို ရီးရဲလ်မက်ဒရစ်က လာမယ့်နွေရာသီမှသာ ခေါ်ယူဖို့ ကြိုးစားသွားတော့မှာပါ။ အဲ့ဒါကြောင့်လည်း လက်ရှိအပြောင်းအရွှေ့မှာ ငွေသုံးကြမ်းနေတဲ့ အာဆင်နယ်တို့ အမ်ဘာပေအတွက်လည်း တီးခေါက် ကြိုးစားနိုင်ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဖာဒီနန်ကတော့ “ပီအက်စ်ဂျီဘက်က တောင်းဆိုနေတဲ့စျေးအရတော့ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်တောင် မတတ်နိုင်ပါဘူး။ အာဆင်နယ်ကို ပြောင်းဖို့အတွက်လား? အာဆင်နယ်လည်း သူ့ကို ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ စတောင်မစဥ်းစားနဲ့၊ အိပ်မက်လည်း မမက်ကြနဲ့။ ဒါပေမယ့် ဒါက အိပ်မက်ကောင်းလေးတစ်ခုပေါ့” လို့ သူ့ရဲ့ YouTube Channel က တစ်ဆင့် အမ်ဘာပေရဲ့ အနာဂတ်အကြောင်း ဖွင့်ဟခဲ့တာပါ။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို လက်ရှိနွေမှာ လက်လွှတ်ဖို့အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀)၊ အပိုဆုကြေး ယူရိုသန်း (၅၀) သတ်မှတ်ထားပါတယ်။ ဒါက နေမာတင်ရှိထားတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ပမာဏတစ်ရပ်လည်း ဖြစ်နေပါတယ်။

လက်ရှိအခိုက်အတန့်မှာတော့ အာဆင်နယ်ဘက်ကလည်း အမ်ဘာပေကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိဘဲ ကိုင်ဟာဗက်ဇ်၊ ဒကလန်ရိုက်စ်၊ တင်ဘာစ်တို့နဲ့ လိုအပ်တဲ့နေရာတွေကိုသာ အားဖြည့်နေပါတယ်။ ယူနိုက်တက်ကလည်း မေဆင်မောင့်ကို ခေါ်ယူပြီးသည့်တိုင် ဂိုးသမား၊ ဗဟိုတိုက်စစ်မှူးနေရာတို့အတွက် အခြားသော ကစားသမားတွေနဲ့သာ ချိတ်ဆက်လျက်ရှိပါတယ်။  

Share

Loading Next Article...
က္က