ကမ္ဘာ့အဆင့်ကစားသမားတွေကိုခေါ်ယူမှာနဲ့ပတ်သက်လို့ ပြောကြားသွားခဲ့တာပါ။

နယူးကာဆယ်ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆော်ဒီအာရေဗျမင်းသား ဘင်ဆာလ်မန်ပိုင်ဆိုင်တဲ့ Public Investment Fund (PIF) က ဝယ်ယူခဲ့ပြီး သူနဲ့အတူ PCP Capital Partners နဲ့ R & B Sports Media တို့လည်း ပူးပေါင်းဝယ်ယူခဲ့ပါတယ်။



ဘင်ဆာလ်မန် နယူးကာဆယ်ကို ဝယ်ယူပြီးနောက် အသင်းကို ကြီးမားတဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အသင်းကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့အပြင် ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်နေတဲ့ အမန်ဒါစတဗ်လေက ဒါနဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့ပါတယ်။

စတဗ်လေဟာ နယူးကာဆယ်ရဲ့ ရှယ်ယာ (၁၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အမ်ဘာပေကို ခေါ်ယူပေးမှာလားဆိုတဲ့ မေးခွန်းတွေအပေါ် “ဒီအသင်း အရင်တုန်းက လုပ်ခဲ့သလိုပါပဲ။ ကျွန်မတို့က အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကို အပြိုင်အဆိုင်ခေါ်ယူမှာပါ”

“ဒါပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတွေ အသင်းကိုလာဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါသေးတယ်။ ကျွန်မတို့ဆီမှာ ဒီလိုအရာမျိုးတွေရှိပြီးသားပါ။ နောက်ပြီး ကမ္ဘာ့အဆင့်ကစားသမားတွေလည်း အသင်းမှာရှိနေပါတယ်။ သူတို့အတွက် အထောက်အပံ့ကောင်းရဖို့ သေချာပေါက် ဆောင်ရွက်မှာပါ”

“ဘောလုံးလောကမှာ ကြီးမားတဲ့ လက်ကျန်ငွေရှင်းတမ်းတွေ လိုအပ်ပါသေးတယ်။ ကျွန်မတို့အဖွဲ့က အသုံးမကျတဲ့သူတွေမဟုတ်ပါဘူး။ လာမယ့် ဇန်နဝါရီမှာ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ၊ ပြင်ဆင်သုံးသပ်မှုတွေ ပြုလုပ်မှာပါ။ ဒီအတွက် အချိန်တော့ နည်းနည်းယူရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

နယူးကာဆယ်ဟာ အသင်းပိုင်ရှင်သစ် လက်ထက်မှာ ပေါင်သန်း (၂၀၀) ကို ချက်ချင်းသုံးစွဲနိုင်မှာဖြစ်ပြီး ဒီလိုသုံးစွဲလို့လည်း ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းကမ်းတွေကို ကြောက်စရာမလိုတဲ့ အနေအထားမှာရှိနေပါတယ်။

ဒါပေမယ့် ဘင်ဆာလ်မန်ရဲ့ ပုံရိပ်ဆိုးတွေအပေါ် ပြိုင်ဘက် (၁၉) သင်းက သဘောကျနှစ်သက်ခြင်းမရှိဘဲ နယူးကာဆယ်ကို ပိုင်ရှင်သစ်လက်ထဲအပ်နှံတဲ့ကိစ္စအတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ 

Share

က္က