အန်ကွန်ကူးကို ခေါ်ယူတဲ့နေရာမှာ အမ်ဘာပေကိစ္စ ပါဝင်လာခဲ့တာပါ။

ချဲလ်ဆီးပရိသတ်တွေဟာ အန်ကွန်ကူးကို ခေါ်ယူနိုင်ကြောင်း အသင်းဘက်က တရားဝင်ကြေညာခဲ့တဲ့နောက် အမ်ဘာပေကိုပါ တစ်ပါတည်း ခေါ်ယူနိုင်တော့မယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်နေကြပါတယ်။ ချဲလ်ဆီးဟာ လိုက်ပ်ဇစ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ကြောင်း ဗီဒီယိုနဲ့တကွ အသိပေးခဲ့တာဖြစ်ပါတယ်။




ဒီလိုမျိုး အန်ကွန်ကူးကို ကြိုဆိုခဲ့တဲ့ ဗီဒီယိုထဲမှာ အန်ကွန်ကူး ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့ပြီးနောက် ချဲလ်ဆီးကို ရောက်ရှိလာခဲ့တဲ့အကြောင်းတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဗီဒီယိုထဲမှာ အန်ကွန်ကူးမဟုတ်ဘဲ အခြားသော ကစားသမားတစ်ယောက်က မထင်မှတ်ဘဲ ပါဝင်လာခဲ့ပါတယ်။


သူကတော့ ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် အမ်ဘာပေဖြစ်ပါတယ်။ အမ်ဘာပေနဲ့ အန်ကွန်ကူးတို့ ပီအက်စ်ဂျီမှာ အတူတကွ အောင်ပွဲခံနေတဲ့ပုံရိပ်ကို ချဲလ်ဆီးရဲ့ ဗီဒီယိုထဲမှာ ထည့်သွင်းထားတာပါ။ ဒါ့အပြင် ဒီဗီဒီယိုထဲမှာ အန်ကွန်ကူးမဟုတ်ဘဲ ပါဝင်တဲ့ အခြားသော ကစားသမားကလည်း အမ်ဘာပေတစ်ယောက်တည်း ရှိခဲ့တာ ဖြစ်ပါတယ်။

အန်ကွန်ကူးရဲ့ အခြားသော ပီအက်စ်ဂျီအသင်းဖော်တွေ၊ လိုက်ပ်ဇစ်အသင်းဖော်တွေ ပါဝင်ခဲ့ခြင်းမရှိဘဲ အမ်ဘာပေကသာ အခုလိုမျိုး ပါဝင်ခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေက အမ်ဘာပေကိုပါ ထပ်မံရရှိနိုင်တော့မယ်လို့ အပြိုင်အဆိုင် နောက်ပြောင်ခဲ့ကြတာပါ။ ချဲလ်ဆီးပရိသတ်တွေက “အန်ကွန်ကူးကို ခေါ်ယူလိုက်တာက အမ်ဘာပေကိုပါ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ဖို့ အဓိကကျတဲ့အရာလား”

“ဒါက မကြာခင် ဖြစ်လာနိုင်တာပဲ” “အမ်ဘာပေကို ခေါ်ယူဖို့ အမှန်တကယ်ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်” လို့ အသီးသီး မှတ်ချက်ပေးခဲ့ပါတယ်။ ဒီကြားထဲမှာမှ အာဆင်နယ်ပရိသတ်တစ်ယောက်က “အန်ကွန်ကူးကို ကျောနံပါတ် (၉) ပေးလိုက်ကွာ။ တစ်ခုခုဖြစ်မလား ငါမြင်ချင်လို့” ဆိုပြီးတော့လည်း လှောင်ပြောင်ခဲ့ပါသေးတယ်။ အခြားသောပရိသတ်တစ်ယောက်ကတော့ “ချန်ပီယံလိဂ် ဝင်ခွင့်မရရင်တော့ ဒါက အိပ်မက်အမက်လွန်နေတာပဲ” လို့လည်း မှတ်ချက်ပြုသွားသေးကြောင်း သိရှိရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က