အမ်ဘာပေဟာ ဂရိနိုင်ငံ မီကိုနို့စ်မှာ ရှိတဲ့ Salt Bae ရဲ့ အကင်ဆိုင်ကို သွားရောက်လည်ပတ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင် တင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေရဲ့ Salt Bae နဲ့ တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေက ပီအက်စ်ဂျီကြယ်ပွင့်ဟာ သက်တောင့်သက်သာမဖြစ်တဲ့ပုံပေါ်တယ်လို့ ပြောဆိုနေကြပါတယ်။

တူရကီ စားဖိုမှူးဟာ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ကွင်းအတွင်းကို ဝင်ရောက်ပြီး ကစားသမားတွေနဲ့ ဓာတ်ပုံအတင်းတွဲရိုက်ခဲ့သလို ကမ္ဘာ့ဖလားကိုပါ ကိုင်တွယ်နမ်းရှုံ့ခဲ့တဲ့အတွက် ယခုအပတ်မှာ လူအများကြား ပြောစရာဖြစ်ခဲ့သူဖြစ်ပါတယ်။ Salt Bae ဟာ ဓာတ်ပုံတွဲရိုက်ဖို့ ၂ ကြိမ်အထိ ငြင်းပယ်ခဲ့တဲ့ လီယွန်နယ် မက်ဆီကို အတင်းအကြပ် ဓာတ်ပုံတွဲရိုက်စေခဲ့ပြီး ဖီဖာက ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ ချိုးဖောက်ပြီး ကမ္ဘာ့ဖလားကိုပါ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဖီဖာက ယခုအပတ်အစောပိုင်းမှာ တူရကီ စားဖိုမှူးရဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဌာနတွင်း အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပြီး Salt Bae ဟာ ကမ္ဘာကျော် ဘောလုံးသမားတွေ၊ ဆယ်လီဘရစ်တီတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ပြီး ကမ္ဘာကျော်လာခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်က အမ်ဘာပေဟာ ဂရိနိုင်ငံ မီကိုနို့စ်မှာ ရှိတဲ့ Salt Bae ရဲ့ အကင်ဆိုင်ကို သွားရောက်လည်ပတ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင် တင်ခဲ့တာဖြစ်ပါတယ်။



Salt Bae နဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးက "ကောင်းမွန်တဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ ခင်ဗျားဆီလာရတာ ဝမ်းမြောက်ပျော်ရွှင်မိပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပြီး တူရကီ စားဖိုမှူးက "အမြဲတမ်းပါပဲ"လို့ ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက် အမ်ဘာပေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ကင်မရာကို မျက်စိမှိတ်ပြခဲ့ချိန်မှာ Salt Bae က အမ်ဘာပေရဲ့ ပုခုံးကို ဖက်ပြီး ပါးကို ရုတ်တရက် အနမ်းပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ အဲဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။

"အမ်ဘာပေက ဒီဗီဒီယိုဖိုင်ထဲမှာ သက်တောင့်သက်သာမဖြစ်တဲ့ပုံပေါ်နေခဲ့တယ်"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "ငါသာဆိုရင် အဲဒီလို လုပ်ခွင့်ပေးမှာမဟုတ်ဘူး"လိုပ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က