ပီအက်စ်ဂျီရဲ့ ငွေကြေးသုံးစွဲပုံနဲ့ အမ်ဘာပေအပေါ် ဝေဖန်ခဲ့တာပါ။

လာလီဂါဥက္ကဌ ဟာဗီယာတီဘက်စ်က ဒီနေ့ခေတ် ဘောလုံးအသင်းတွေက ငွေကို ရေလိုသုံးစွဲပြီး ရပ်တည်နေကြတယ်လို့ ဝေဖန်ထိုးနှက်လိုက်ပါတယ်။ ဒါဟာ ပီအက်စ်ဂျီနဲ့ အမ်ဘာပေကို ရည်ရွယ်ပြောဆိုခဲ့တာဖြစ်ပြီး တီဘက်စ်တယောက် ဒီလိုမျိုး ဝေဖန်တာကလည်း အခုမှ ပထမဆုံး မဟုတ်ပါဘူး။



အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ ပီအက်စ်ဂျီဟာ အမ်ဘာပေကို ငြင်းလို့မရတဲ့ ငွေကြေးလှိုင်းလုံးတွေနဲ့ ဆွဲဆောင်ခဲ့ပြီး ပြင်သစ်သမ္မတမက်ခရွန်အပါအဝင် ကာတာဘက်က သြဇာရှိပုဂ္ဂိုလ်တွေကလည်း အမ်ဘာပေကို ဝိုင်းဝန်းစည်းရုံးခဲ့ကြပါတယ်။

အဲ့ဒါကြောင့်လည်း အမ်ဘာပေက ပြင်သစ်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး (၂၀၂၅) အထိ သက်တမ်းရှိ စာချုပ်တရပ်ကို စံချိန်တင်လုပ်ခလစာငွေနဲ့ ချုပ်ဆိုခဲ့တာပါ။ အမ်ဘာပေအနေနဲ့  ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိခဲ့ပြီးမှ ဒီလိုမျိုး ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ခဲ့တဲ့အပေါ် မက်ဒရစ်မြို့ခံကလပ်နဲ့ ပရိသတ်တွေအပါအဝင် လာလီဂါအဖွဲ့ချုပ်ဘက်ကလည်း အလိုမကျဖြစ်ခဲ့ဟန်ရှိပါတယ်။

အထူးသဖြင့် လာလီဂါဥက္ကဌ တီဘက်စ်က ပီအက်စ်ဂျီရဲ့ ငွေကြေးသုံးစွဲမှုတွေအတွက် ယူအီးအက်ဖ်အေထံ တရားဝင်တိုင်ကြားခဲ့ပြီး ဒီကြားထဲမှာလည်း မကြာခဏဆိုသလို ဝေဖန်ခဲ့ပါတယ်။ အခုချိန်မှာလည်း တီဘက်စ်က “အခုခေတ် ကလပ်အသင်းတွေကိုကြည့်လိုက်ရင် ဒီအသင်းတွေက ရေလောင်းပြီး (ငွေကြေးအလုံးအရင်း သုံးစွဲသည်) ရပ်တည်နေကြတဲ့အသင်းတွေချည်းပါပဲ”

“ကျနော်တို့က အမ်ဘာပေကို လာလီဂါရောက်လာစေချင်တာ ဟုတ်တာပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ကာလတွေမှာလည်း သူတို့ မရောက်လာခဲ့ပါဘူး။ အမ်ဘာပေက ဘာမှကိုပြိုင်ဆိုင်မှုမရှိတဲ့လိဂ်မှာပဲ ဆက်နေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ မိုနာကိုကနေ ပီအက်စ်ဂျီကို ယူရိုသန်း (၁၈၀) နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီနဲ့အတူ ပြည်တွင်းဖလားအောင်မြင်မှုကို ဆွတ်ခူးထားပြီးပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၈) ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြင်သစ်လက်ရွေးစင်နဲ့အတူ ဆွတ်ခူးရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က