အမ်ဘာပေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရတာပါ။

ယူနိုက်တက် နောက်ခံလူအသစ် ယိုရိုက သူ့အနေနဲ့ ကစားသမားဘဝမှာ အမ်ဘာပေနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်ရတာကို တကယ် သဘောကျမိကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ယိုရိုဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။



ယူနိုက်တက်က ယိုရိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၆၂) သန်း ပေးချေခဲ့ရပါတယ်။ ယိုရိုကလည်း သူ့ရဲ့ လိုင်လီ ကစားသမားဘဝမှာ ပီအက်စ်ဂျီတိုက်စစ်ကစားသမားဖြစ်ခဲ့တဲ့ အမ်ဘာပေနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပါတယ်။

အမ်ဘာပေနဲ့ ပတ်သက်လို့ ယိုရိုက “ကျနော် အမ်ဘာပေနဲ့ ရင်ဆိုင်ရတာကို တကယ် သဘောကျပါတယ်။ သူနဲ့ ရင်ဆိုင်ရတာက တကယ်ကို ကြီးမားတဲ့ ကိစ္စရပ်ကြီးတစ်ခုပါ။ ဒါကပဲ ကျနော့်ကို အများကြီး ကူညီပေးခဲ့ပြီး အများကြီး ပိုမိုတိုးတက်စေခဲ့ပါတယ်”

“ဝက်ကင်စ်နဲ့ ရင်ဆိုင်ရတာကလည်း ကောင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လူကောင်းကြီးတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဒါတွေက ကျနော့်အတွက်တော့ တကယ်ကို ကောင်းပါတယ်” လို့ ယိုရိုက ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က