အမ်ဘာပေနဲ့ဟာလန်းအတွက် လာလီဂါဥက္ကဌကိုယ်တိုင် ယုံကြည်ချက်ရှိနေတာပါ။

လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဟာဗီယာတီဘက်စ်က ရီးရဲယ်မက်ဒရစ်အနေနဲ့ ဟာလန်းရော၊ အမ်ဘာပေရော နှစ်ယောက်လုံးကို သေချာပေါက် ခေါ်ယူနိုင်လိမ့်မယ်လို့ တပ်အပ်ပြောကြားခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီကစားသမားနှစ်ယောက်လုံးအတွက် ဒါမှမဟုတ် တယောက်ချင်းစီအတွက် ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ ငွေကြေးမတတ်နိုင်တာကြောင့်လို့ဆိုပါတယ်။



 

ရီးရဲယ်မက်ဒရစ်ဟာ ဟာလန်းနဲ့အမ်ဘာပေတို့ကို အသင်းရဲ့အနာဂတ်အဖြစ် ပစ်မှတ်ထားနေပြီး လာမယ့်နွေရာသီမှာ အရခေါ်ယူသွားမယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။ အမ်ဘာပေကို ရီးရဲယ်မက်ဒရစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဟာလန်းအတွက်တော့ ယူရိုသန်း (၇၀) ဝန်းကျင်နဲ့ သက်သောင့်သက်သာရရှိနိုင်မှာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ဟာလန်းက ဘာစီလိုနာကို ပြောင်းဖို့ စိတ်ဝင်စားနေတယ်လို့ အေးဂျင့်ရွိုင်အိုလာက အရိပ်အမြွက်ထုတ်ပြောဖူးသလို ဟာလန်းနဲ့အမ်ဘာပေတို့အနေနဲ့ အနာဂတ်မှာ အောင်မြင်ဖို့အတွက် နှစ်ယောက်အတူတူ တွဲမကစားသင့်ဘူးဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။

 

လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယာတီဘက်စ်ကတော့ ရီးရဲယ်မက်ဒရစ်ရဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် ယုံကြည်မှုရှိနေပြီး ဒီကစားသမားနှစ်ယောက်လုံးကို ရီးရဲယ်မက်ဒရစ်ကပဲ ခေါ်ယူနိုင်မယ်လို့ အခုလိုပြောကြားခဲ့ပါတယ်။ ဟာဗီယာတီဘက်စ်က “ရီးရဲယ်မက်ဒရစ်က အမ်ဘာပေနဲ့ ဟာလန်းနှစ်ယောက်လုံးကို ခေါ်ယူနိုင်ပါလိမ့်မယ်”

 

“ဘာလို့လဲဆိုတော့ အခြားနှစ်သင်း (ဘာစီလိုနာနဲ့ဂျူဗင်တပ်စ်) တို့က ဘဏ္ဍာရေးအရ အခြေအနေဆိုးရွားနေလို့ပါ။ အမ်ဘာပေ လာမယ်ဆိုတာက လာလီဂါအတွက်တော့ သတင်းကောင်းပါပဲ။ လာလီဂါမှာ ကစားရတာကို သူပျော်ရွှင်မှာပါ။ လာလီဂါအတွက်လည်း ဒီကိစ္စက အကောင်းဆုံးကိစ္စရပ်တခုဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေအရတော့ ပီအက်စ်ဂျီဟာ အမ်ဘာပေကို လက်မလွှတ်ရေးအတွက် တပတ်လုပ်ခ ပေါင် (၅) သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးရဲယ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က