ဟာလန်းနဲ့အမ်ဘာပေတို့ကို နှိုင်းယှဥ်ခဲ့တာပါ။

ဒေါ့မွန်နည်းပြ လူစီယန်ဖာက သူ့အသင်းက တိုက်စစ်မှူး ဟာလန်းနဲ့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အမ်ဘာပေတို့ နှစ်ယောက်အကြား ခြားနားချက်တွေကို ပြောပြခဲ့ပြီး ဟာလန်းက အလုပ်အပေါ် ခံယူချက်အပြည့်အဝရှိပြီး နိုင်လိုစိတ်ပိုပြင်းထန်တဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။



ဟာလန်းနဲ့အမ်ဘာပေတို့ဟာ အနာဂတ် ဘောလုံးလောကမှာ အပြိုင်အဆိုင်ဖြစ်လာမယ့် ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပြီး လတ်တလော အနေအထားတွေအရတော့ အမ်ဘာပေက စိတ်ကြီးဝင်နေတယ်လို့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

နှစ်ယောက်လုံးကတော့ သက်ဆိုင်ရာကလပ်အသင်းတွေအတွက် မရှိမဖြစ် ကစားသမားတွေဖြစ်ကြပြီး ဒေါ့မွန်နည်းပြ လူစီယန်ဖာကလည်း သူ့ကစားသမားတွေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ လူစီယန်ဖာက “အမ်ဘာပေက သူ့အတွက် နေရာလွတ်ကို ကိုယ်တိုင် ရှာဖွေနိုင်ပါတယ်”

“ဒါပေမယ့် ဟာလန်းကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ နေရာလွတ်တွေရဖို့ သီးသန့်ကြိုးစားနေတာမျိုးမရှိသလို အဲ့ဒီလိုအနေအထားမျိုးမှာ ခက်ခဲလေ့ရှိပါတယ်။ ဟာလန်းအနေနဲ့ ဗဟိုနောက်ခံလူနှစ်ယောက်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့အရည်အချင်းမျိုးရှိပါတယ်”

“ဟာလန်းကို ရပ်တန့်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သူက တိုးတက်မှုတွေရှိနေဆဲဖြစ်ပြီး ခမ်းနားတဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့အတူ အလုပ်ကြိုးစားတဲ့ ကစားသမားတယောက်ပါ။ နောက်ပြီး ဟာလန်းက အမြဲတမ်း နိုင်လိုစိတ်ပြင်းထန်နေပါတယ္။ သူ့လို ကစားသမားမျိုးနဲ့ အလုပ်တွဲလုပ်ရတာ တကယ်ကို ကျေနပ်စရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဒီကစားသမားနှစ်ယောက်လုံးက လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ရှိနေပြီး သူတို့ပြောင်းရွှေ့လိုတဲ့ အသင်းကလည်း ရီးရဲယ်မက်ဒရစ်ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ဒီကစားသမားနှစ်ယောက် လာမယ့်ဘောလုံးရာသီမှာ အတူတွဲကစားဖြစ်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က