မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ မန်စီးတီးက နှစ်ဂိုးအရှုံးကနေ လိုက်ကစားခဲ့ရပါတယ်။ လိုက်ပ်ဇစ်အတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို တိုက်စစ်မှူး အိုပင်ဒါက ပွဲကစားချိန် (၃၃) မိနစ်မတိုင်ခင်မှာတင် သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ ရှုံးပွဲမတွေ့အောင် အသည်းအသန် လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရရှိခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို ဟာလန်း၊ ဖိုဒင်၊ အယ်လ်ဗာရက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ (၅) ပွဲ ကစား၊ (၅) ပွဲနိုင်နဲ့ ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အုပ်စုပွဲစဉ် တစ်ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ အုပ်စုပထမနေရာအတွက် သေချာသွားခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဟာလန်းကလည်း စံချိန်မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၄၀) ပြည့်မြောက်သွားခဲ့ပြီး (၃၅) ပွဲသာ ကစားပြီး အခုလို စံချိန်ကို တင်နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ချန်ပီယံလိဂ်မှာ ဂိုး (၄၀) အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေတင်ရှိထားတဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ်သွင်းဂိုး (၄၀) ပြည့်မြောက်တဲ့ စံချိန်ကိုလည်း ဟာလန်းက အသက် (၂၃) နှစ်၊ ရက်ပေါင်း (၁၃၀) နဲ့ ရိုက်ချိုးသွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။