ပရိသတ်တွေက အဲဒီအခေါင်းကို မီးရှိုခဲ့ပြီးနောက် ခုန်ပေါက်ပြီး ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။

အာဂျင်တီးနားပရိသတ်တွေဟာ ကမ္ဘာ့ဖလားအောင်ပွဲခံရာမှာ အမ်ဘာပေရဲ့မျက်နှာပုံကပ်ထားတဲ့ အခေါင်းကို မီးရှို့ပြီး ဈာပနအခမ်းအနားပုံစံ အောင်ပွဲခံခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံသား ၄ သန်းဝန်းကျင်ဟာ ဗျူနို အိုင်းရိစ် လမ်းမတွေပေါ်မှာ အမိုးဖွင့် ဘတ်စ်ကားနဲ့ အောင်ပွဲခံလှည့်လည်နေတဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းသားတွေနဲ့ ပူးပေါင်းခဲ့ပြီး ပရိသတ်အချို့ဟာ တံတားပေါ်ကနေ ဘတ်စ်ကားပေါ် ခုန်ချဖို့ ကြိုးပမ်းခဲ့တာကြောင့် လုံခြုံရေးအရ အောင်ပွဲခံလှည့်လည်မှုကို ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားပရိသတ်တွေဟာ ဘောလုံးနဲ့ပတ်သက်လာရင် အလွန်ပြင်းထန်တဲ့ စိတ်ဓာတ်ရှိမှုအတွက် လူသိများကျော်ကြားပေမယ့်လည်း အမ်ဘာပေအပေါ် ပြုလုပ်ခဲ့တဲ့ အပြုအမူကတော့ အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားခဲ့တယ်လို့ အချို့က ခံစားနေရတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပရိသတ်အုပ်စုတစ်ခုဟာ လက်ဝါးကပ်တိုင်ပုံနဲ့ ပြင်သစ်တိုက်စစ်မှူးရဲ့ပုံပါဝင်တဲ့ အခေါင်းကို သစ်ပင်တစ်ပင်မှာ တွဲလောင်းချည်ထားတာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေက အဲဒီအခေါင်းကို မီးရှိုခဲ့ပြီးနောက် ခုန်ပေါက်ပြီး ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို Get French Football News က "ခီလီယန် အမ်ဘာပေအတွက် ချစ်စရာကောင်းတဲ့ အသက် ၂၄ နှစ်ပြည့်မွေးနေ့လက်ဆောင်နဲ့အတူ အာဂျင်တီးနားသားတွေ"ဆိုတဲ့ စာသားကို ရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ပေမယ့်လည်း ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က