အသုံးပြုသူတည်နေရာခြေရာခံမှုနဲ့ Google ကို တက္ကဆက် ၊ ဝါရှင်တန်ဒီစီ နဲ့ အင်ဒီယာနာပြည်နယ်တွေက ရှေ့နေချုပ်တွေကလည်း တရားစွဲဆိုထားပါတယ်။

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ဟာ အန်းဒရိုက်အသုံးပြုသူတွေကို တရားမဝင်ခြေရာခံမှုနဲ့ အရီဇိုးနားပြည်နယ်ကို ဒေါ်လာ ၈၅ သန်း ပေးဆောင်ရတော့မယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ပြည့်နှစ်က အရီဇိုးနားပြည်နယ်ရှေ့နေချုပ် မာ့ခ် ဘရန်နိုဗစ်ချ်က Google ကို စွဲဆိုထားတဲ့အမှုဖြစ်ပြီး အဲ့ဒီအချိန်က Google ဟာ ပစ်မှတ်ထား ကြော်ငြာမှုတွေအတွက် တည်နေရာအချက်အလက် Settings ကို ပိတ်ထားချိန်မှာတောင် အသုံးပြုသူတွေကို ဆက်လက်ခြေရာခံနေတယ်ဆိုပြီး စွဲချက်တင်ခဲ့ပါတယ်။ အသုံးပြုသူတည်နေရာခြေရာခံမှုနဲ့ Google ကို တက္ကဆက် ၊ ဝါရှင်တန်ဒီစီ နဲ့ အင်ဒီယာနာပြည်နယ်တွေက ရှေ့နေချုပ်တွေကလည်း တရားစွဲဆိုထားပါတယ်။ 



Photo: PhoneWorld

ဘရန်နိုဗစ်ချ်ရုံးရဲ့အဆိုအရ ဒေါ်လာ ၈၅ သန်း ဒဏ်ရိုက်တာဟာ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုချိုးဖောက်တဲ့ စွဲဆိုချက်နဲ့ Google ကို ဒဏ်ရိုက်ရာမှာ အသုံးပြုသူတစ်ဦးချင်းအလိုက် အမြင့်ဆုံးပမာဏဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း သုံးလပတ်ဝင်ငွေ ဒေါ်လာ ၆၉ ဘီလျံကျော် ရနေတဲ့ Google အတွက် အရီဇိုးနားရဲ့ ဒဏ်ရိုက်မှုဟာ ရေခွက်ထဲက ရေတစ်စက်လောက်ပဲ ဖြစ်မှာပါ။ ကြော်ငြာလုပ်ငန်းမှာ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေကြောင့် Google ကို EU က ဒဏ်ရိုက်ခဲ့တဲ့ ဒေါ်လာ ၁.၇ ဘီလျံနဲ့ နှိုင်းစာရင်လည်း မပြောပလောက်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ 

Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဟိုဆေး ကတ်စတန်နီဒါကတော့ တရားစွဲမှုဟာ ပြောင်းလဲလိုက်ပြီ ဖြစ်တဲ့ ထုတ်ကုန်ဟောင်းမူဝါဒတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ "တည်နေရာအချက်အလက်တွေအတွက် အလိုအလျောက် ဖျက်သိမ်းတဲ့ ရွေးချယ်စရာတွေနဲ့ ရိုးရှင်းတဲ့ ထိန်းချုပ်မှုတွေ ပေးထားပါတယ်။ ကျွန်တော်တို့ စုဆောင်းရယူထားတဲ့ အချက်အလက်တွေကို ချုံ့ချဖို့လည်း အမြဲပဲ ကြိုးစားနေပါတယ်။ အခုကိစ္စဖြေရှင်းပြီးတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ ထုတ်ကုန်တွေ ထောက်ပံ့ရာမှာ ကျွန်တော်တို့ ဆက်လက်ပြီး အာရုံစိုက်သွားမှာပါ။" လို့ သူက ပြောပါတယ်။ 

Photo: Arizona Mirror


Google ကို တရားစွဲခဲ့တဲ့ ရှေ့နေချုပ် ဘရန်နိုဘစ်ချ်ကတော့ သမိုင်းဝင်တရားစွဲနိုင်မှုအတွက် ဂုဏ်ယူကြောင်းနဲ့ ဥပဒေအထက်မှာ အင်အားကြီးတဲ့ နည်းပညာကုမ္ပဏီကြီးတွေလည်း မရှိဘူးလို့ သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က