iOS 16 သစ်ကလည်း အန်းဒရိုက်အသုံးပြုသူတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်

လူပေါင်း ၁၀၀၀ ကျော်ကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုအရ Android သုံးသူတွေရဲ့ ၄၉% ဟာ Apple ထုတ် iPhone ကို ပြောင်းကိုင်ဖို့ စဉ်းစားနေကြတယ်ဆိုပြီး ဖော်ပြထားပါတယ်။ 



အချက်အလက်လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာစိတ်ချရမှုမှာ အားသာချက်တွေ ရှိတာကြောင့် Android အစား iPhone ကို ပြောင်းချင်တာလို့လည်း လူပေါင်း ၁၀၀၃ ဦးကို အင်တာဗျူးခဲ့တဲ့ Beyond Identity ရဲ့ စစ်တမ်းက ဆိုပါတယ်။ အသုံးပြုသူတွေရဲ့ မိုဘိုင်းဖုန်းလုံခြုံရေးဆိုင်ရာ အလေ့အထတွေနဲ့ စိတ်ခံစားချက်အကြောင်း မေးမြန်းခဲ့တဲ့ ဒီစစ်တမ်းထဲမှာ အသုံးပြုသူတွေက iPhone 13 Pro Max သုံးရတာဟာ Galaxy S22 Ultra ထက် ပိုပြီး စိတ်ချရတယ်လို့ ဖြေထားပါတယ်။ 



"iPhone 13 Users တွေက သူတို့ကိုင်နေတဲ့ ဖုန်းဟာ သုံးဖုန်းသမျှဖုန်းတွေထဲမှာ စိတ်အချရဆုံးဖုန်းဖြစ်တယ်လို့ ပြောနိုင်ခြေ နှစ်ဆကျော်ရှိကြပါတယ်။" လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ 

Beyond Identity ရဲ့ စစ်တမ်းထဲမှာ Apple အသုံးပြုသူရဲ့ ၃၆% ဟာ Android ဖုန်း ပြောင်းဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Apple Operating System ရဲ့ အချက်အလက်လုံခြုံမှုနဲ့ Privacy အားကောင်းမှုကြောင့် Android အသုံးပြုသူတွေရဲ့ ၄၉% ခန့်ဟာ iPhone ကိုင်ဖို့ စဉ်းစားနေကြောင်း စစ်တမ်းမှာ ဝန်ခံထားပါတယ်။ ဒီစစ်တမ်းထဲမှာ မြောက်အမေရိက နဲ့ ပစိဖိတ်သမုဒ္ဓရာတစ်ဝိုက်က Operating System ဈေးကွက်ရဲ့ ၅၄% ဟာ iOS စနစ် သုံးနေကြတာလို့ဆိုပါတယ်။ 

iOS 16 နဲ့အတူ Apple ရဲ့ အသစ်ဖြန့်ချိလိုက်တဲ့ Operating System ဟာ Security Feature ပိုအားကောင်းလာတာကလည်း အန်းဒရိုက်အသုံးပြုသူရဲ့ ၃၃% ကို Apple ပြောင်းဖို့ ဆွဲဆောင်နေခဲ့တာလို့ ဆိုပါတယ်။ iOS 16 သစ်မှာ Apple ဟာ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်နိုင်တဲ့ Apps နဲ့ နည်းလမ်းတွေကို လုံးဝ ပိတ်ချနိုင်မယ့် Lockdown Mode ကို ထည့်သွင်းလာပါတယ်။ Lockdown Mode ဟာ ဆိုင်ဘာတိုက်ခိုက်သူတွေ စနစ်ထိုးဖောက်နိုင်ခြေရှိတဲ့ features အရေအတွက်ကို သိသိသာသာ လျှော့ချထားပြီး spyware တိုက်ခိုက်မှုကို နည်းအောင် လုပ်ထားတာပါ။ 

လုံခြုံတယ်လို့ ခံစားရမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း Apple Users တွေဟာ Google ရဲ့ Password Manager နဲ့ Google Drive တို့ထက် Apple iCloud Keychain နဲ့ Apple iCloud တွေက အလွန့်အလွန် စိတ်ချရတယ်လို့ ခံစားရကြောင်း ဖြေဆိုထားပါတယ်။ အချက်အလက်လုံခြုံရေးအနေနဲ့ Apple အသုံးပြုသူတွေရဲ့ ၇၆% ဟာ iOS သုံးရတာ ပိုစိတ်ချရတယ်လို့ ခံစားရကြောင်း ဖော်ပြထားပါတယ်။ အန်းဒရိုက်အသုံးပြုသူတွေရဲ့ ၇၄% ကလည်း အလားတူ ခံစားမှုရှိတယ်လို့ ဆိုပါတယ်။ 



Apple အသုံးပြုသူပဲ ဖြစ်ဖြစ် Android ဖုန်းကိုင်သူပဲ ဖြစ်ဖြစ် ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုတွေနဲ့ မစိမ်းကြဘူးလို့ ဆိုပါတယ်။ Android ရော Apple ဖုန်းကိုင်သူအုပ်စုနှစ်စုလုံးရဲ့ ၄၀% နဲ့ အထက်ဟာ Malware တိုက်ခိုက်မှု ဒါမှမဟုတ် ဆိုက်ဘာအလိမ်အညာတွေနဲ့ ကြုံဖူးကြတယ်လို့ ဆိုပါတယ်။ Beyond Identity ရဲ့ စစ်တမ်းထဲမှာ Apple အသုံးပြုသူတွေက ပျောက်ဆုံးသွားတဲ့အချက်အလက်တွေ ပြန် Recover လုပ်ရာမှာ အပြည့်အဝပြန်ယူနိုင်သူက ၇၃% ရှိပြီး Android အသုံးပြုသူတွေထဲမှာ ၅၃% က အပြည့်အဝ ပြန် Recover ယူနိုင်ခဲ့တယ်လို့ ဖြေဆိုထားပါတယ်။

ဒီစစ်တမ်းမှာ အမျိုးသား ၆၁% ၊ အမျိုးသမီး ၃၉% နဲ့ အမေရိကန်စမတ်ဖုန်းအသုံးပြုသူ ၁၀၀၃ ဦး ဖြေဆိုထားပြီး ဒီထဲမှာ Android ဖုန်းကိုင်သူ ၅၀၅ ဦး နဲ့ iPhone ကိုင်သူ ၄၉၈ ဦး ပါဝင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က