Play Store ပေါ်မှာ အလွယ်တကူ ဒေါင်းလုပ်ဆွဲရုံပါပဲ

iPhone 14 Pro သစ်ရဲ့ အကြီးဆုံး feature သစ်တွေထဲကတစ်ခုဖြစ်တဲ့ Dynamic Island ကို Android ဖုန်းတွေမှာလည်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။



Android Developer တစ်ဦးဖြစ်တဲ့ Jawomo ရဲ့ ကျေးဇူးနဲ့ Android ဖုန်းပိုင်ရှင်တွေဟာ သူတို့ရဲ့ဖုန်းမှာ iPhone 14 Pro ရဲ့ Dynamic Island feature သစ်ကို အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။ Jawomo ဟာ Google Play ပေါ်မှာ Dynamic Island စနစ်ကို အသုံးပြုနိုင်မယ့် copycat ဗားရှင်း App တစ်ခု တင်ထားပါတယ်။ Dynamic Island - dynamicSpot လို့‌ ခေါ်တဲ့ app ဟာ iPhone 14 Pro ရဲ့ Dynamic Island အတိုင်း Noti တွေ အလွယ်တကူ ရယူနိုင်မယ့် အသေးစား Multitasking စနစ် ပါလာပါတယ်။ 



"Android ဖုန်းတွေမှာတော့ (iPhone 14 Pro လိုမျိုး) ကင်မရာထားတဲ့ကျွန်းမျိုး မရှိဘူးလေ။ ဒါပေမယ့် ကင်မရာအတွက် Spots နဲ့ Cutouts တွေတော့ ပါပါတယ်။ ဒါကြောင့်ပဲ dynamicSpot ဆိုပြီး ဖြစ်လာတာပါ" လို့ Jawomo က အွန်လိုင်း Developers ဖိုရမ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။ "iPhone ရဲ့ Dynamic Island က ကိုယ့်စိတ်ကြိုက်ပြင်ဆင်တာမျိုး လုပ်လို့ မရပါဘူး။ dynamicSpot ကတော့ Customize လုပ်လို့ ရပါတယ်။ dynamicSpot မှာ ကိုယ်ပြောင်းချင်တဲ့ ပုံစံ settings ကို ပြောင်းနိုင်ပါတယ်။ ဘယ် apps တွေကို dynamicSpot မှာ ပြချင်တယ်/ဝှက်ထားချင်တယ်ဆိုပြီးလည်း ရွေးချယ်နိုင်ပါတယ်။"

အနက်ရောင် Dynamic Spot / Popup ကို အရွယ်အစား အချုံ့အချဲ့ လုပ်နိုင်သလို နေရာကိုလည်း လိုသလို ချိန်ညှိ ထားနိုင်ပါတယ်။ popup ကို ကြာကြာဖိထားမယ်ဆိုရင် Dynamic Island ကို အကြီးချဲ့ပြီး Noti အချက်အလက်တွေ ပိုအသေးစိတ် မြင်ရမှာ ဖြစ်ပါတယ်။ Google Play Store ပေါ် တင်ထားတဲ့ App အကြောင်း အချက်အလက်အရ dynamicSpot ဟာ Android ရဲ့ notification System ကို အသုံးပြုထားပြီး messaging notification ၊ Timer Apps နဲ့ Music Apps တွေအပါအဝင် apps အားလုံးနီးပါးနဲ့ တွဲဖက်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ 

Music Controls တွေအနေနဲ့ သီချင်း အဖွင့်အပိတ် လုပ်တာ ၊ အပုဒ်ကျော်တာ ၊ နောက်ပြန်ရစ်တာ နဲ့ ရှာတာအပြင် Timer Apps တွေမှာ အချိန်မှတ်တာ ၊ ဘက်ထရီအားပမာဏ ပြတာ ၊ မြေပုံပေါ်က အကွာအဝေးပြတာတွေလည်း လုပ်ဆောင်နိုင်မှာပါ။ Apple ဟာ နောက်ဆုံးပေါ် iPhone 14 Pro နဲ့ iPhone 14 Pro Max တို့မှာ ဒီဇိုင်းပြောင်းလဲမှုအနေနဲ့ Notch အစား Dynamic Island သစ်ကို အသုံးပြုလာပါတယ်။ 

Dynamic Island ဟာ iPhone အသုံးပြုသူတွေအတွက် Multitask လုပ်ဖို့နဲ့ သတင်းအချက်အလက်သစ်တွေကို ကြည့်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Apps တွေထဲကို တစ်ခုချင်း လိုက်ဖွင့်ကြည့်စရာမလိုဘဲ Dynamic Island တစ်နေရာတည်းကနေ ကြည့်လို့ ရတော့မှာပါ။ ဒီနေရာမှာပဲ Noti Alerts တွေ စစ်နိုင်သလို သီချင်းအဖွင့်အပိတ် လုပ်တာ ၊ Timer ထားတာ ၊ AirDrop ချိတ်ဆက်တာ နဲ့ မြေပုံလမ်းညွှန်ပေးတာတွေ လုပ်နိုင်ပါတယ်။ 


Google Play Store ပေါ် ရောက်လာတဲ့ dynamicSport မှာလည်း Dynamic Island ပုံစံ Multitasking စနစ်တွေကို အန်းဒရိုက်ဖုန်းတွေမှာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ Apps ကို ဒေါင်းလုပ်ဆွဲမှုပေါင်း ၅ သိန်းကျော် ရှိထားပြီး Apps အတွင်း ဝယ်ယူမှုလည်း လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဖိုင်ဆိုဒ် 4MB ပဲ ရှိပြီး Android 9 နဲ့ အထက် အန်းဒရိုက်ဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က