မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဘုန်းမင်းနေလက မကြာခင် နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်တဲ့။
Photo : ခင်ဇာခြည်ကျော် FB
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဘုန်းမင်းနေလက မကြာခင် နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်လို့ သိရပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ့် သားဘုန်းမင်းနေလကို သူမမှာ မခွဲနိုင်ဖြစ်လို့နေပါတယ်။အချိန်တွေလည်း မြန်လိုက်တာနော်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။
Photo : ခင်ဇာခြည်ကျော် FB
“မေမေ့သားကြီးရေ ...အချိန် တွေ က မြန် လိုက်တာနော် ဘာ လို လို နဲ့ သား ကျောင်း သွား တက် ရ တော့ မယ်။တခြားမိသားစု တွေ လည်း သား သမီး တွေ ကျောင်းတက် ရင် ခွဲရတာပါ ပဲ.ဒါ ပေ မယ့် မေ မေ တို့မိသားစု အတွက် တော့ ဒီသား လေး နဲ့သမီး လေး ပဲ ရှိ တာဆို တော့ အရမ်း ကို စိတ် ထိ ခိုက် တယ်.ဒါတောင်သားသား က ပြော တယ် နော် မေ မေ က သားနဲ့ခွဲ နိုင် ပါ တယ်.ဝမ်း မနည်း ဘူး မဟုတ် လား တဲ့ ??အဖွား က တော့ သူ့မြေး ဖက် ဖက် ငို နေ တယ် ..အ မေ က သူ့ရှေ့မငို တော့ မ မေ့ရင် ထဲ ဝင် ကြည့် ပါ ကွယ်.အိမ် ထောင် ဦးစီး လုပ် နေ တဲ့ မင်း မေ မေ ဟာ မင်း တို့အားငယ် မှာစိုး လို့အင် အား ရှိ သမျှ အမြဲ ပြုံး နေ ပေမယ့် ...ရင် ထဲမှာ ခံစား ရတာ ပေါ့ သား ရယ်.အ မေ ပဲ လေ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၃) ရက်နေ့ ညက ရေးသားထားပါတယ်။
Photo : ခင်ဇာခြည်ကျော် FB
သူများတွေ ကြည့်ရင်တော့ ဒီလိုဖြစ်တာကို ပိုတယ်လို့ ထင်ကြမှာလို့ ခင်ဇာခြည်က ပြောထားပါသေးတယ်။ကောင်းသော ခွဲခွာခြင်းဆိုပေမယ့်လည်း အချစ်ဆုံး သားကြီးနဲ့ ဝေးရမှာကို တွေးပြီး အိပ်မရ စားမရ ဖြစ်နေရတယ်တဲ့။
“မေ မေ့ အချစ် ဆုံး သား ကြီးလေ ...သူများ တွေကြည့် ရင် ပို လိုက် တာလို့ ထင် နိုင် ပေမယ့် ...ဘဝမှာ သား သား အတွက် ကောင်း သော ခွဲ ခွာ ခြင်း ဆိုတာ သိ နေ ပေမယ့် ...မေ မေ လေ ဒီ ရက် တွေ မှာအိပ် လို့ လည်း မ ပျော် ...ထိုင်မရ ထမရ စိတ် တွေက ရောက် ကရက် နဲ့နေ မထိ ထိုင် မသာ ဖြစ် နေ ရ ပါတယ် သား ရယ်...!! ကျွန်မ လို ပဲ မိခင် တိုင်း လည်း ဒီလို ဝေဒနာ ကို ခံစား ဖူး မယ် ထင် ပါ တယ် ရှင်.” ဆိုပြီး သူမက ဆက်လက်ပြောထားပါသေးတယ်။
Photo : ခင်ဇာခြည်ကျော် FB
ခင်ဇာခြည်ကျော်ရဲ့ သားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားလည်း ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်မှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
သားဖြစ်သူဟာ သရုပ်ဆောင်ကို ဝါသနာပါပြီး သမီးဖြစ်သူကတော့ သီချင်းဆိုတာ ဝါသနာပါတယ်လို့ ခင်ဇာခြည်ဇော်က Duwun Media ကို ဖြေဆိုဖူးပါတယ်။ခင်ဇာခြည်ကျော်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။