ဘာကာအကယ်ဒမီကထွက်ပေါ်လာသူဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီကတော့ လာမာာစီယာအကယ်ဒမီက အသက် ၁၅ နှစ်သာရှိသေးတဲ့ ချာတိတ်လေးတဦးကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့အတွက် ခေါ်ယူလိုက်ပြီး ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွေကိုတောင် စတင်ခဲ့ပြီလို့ သိရပါတယ်။ နာမည်ကျော်ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတဲ့ ဘာကာအကယ်ဒမီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အန်ဆူဖာတီ၊ ဂါဗီတို့ထွက်ပေါ်ခဲ့ပြီး အခုအခါမှာ နောက်ထပ်ကြယ်ပွင့်တပွင့်ကို မြင်တွေ့နေရပြီဖြစ်ပါတယ်။ 

လာမိုင်းယာမယ်လ်ဆိုတဲ့ အသက်၁၅ နှစ်အရွယ် ကစားသမားလေးဖြစ်ပြီး ဘာစီလိုနာလူငယ်အသင်းမှာ ထူးထူးခြားခြားခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စပိန်လူငယ်အသင်းတွေမှာလည်း ခြေစွမ်းပြကစားခဲ့ပြီး သူ့ရဲ့ တဦးချင်းဘောလုံးပညာကျွမ်းကျင်ပိုင်နိုင်မှု၊ အသင်းဖော်တွေနဲ့ နားလည်မှုပြည့်၀တဲ့ ချိတ်ဆက်ကစားပုံတွေက အသက်အရွယ်နဲ့မလိုက်ဖက်အောင်ကို ကောင်းမွန်နေခဲ့ပြီး ဇာဗီကိုပါ ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

တိုက်စစ်ကစားသမားတဦးဖြစ်ပြီး ဘောလုံးနဲ့အတူ ဆွဲယူပြေးမှုတွေမှာ အရမ်းကောင်းလွန်းပြီး အဝေးကန်ချက်တွေနဲ့ ဂိုးရယူနိုင်သလို ပြိုင်ဘက်ခံစစ်မှူးတွေကို လှပတဲ့လိမ်ခေါက်မှု၊ ပရိယာယ်တွေနဲ့ ကျော်ဖြတ်နိုင်စွမ်းလည်းအပြည့်ရှိသူပါ။ ဘယ်သန်ကစားသမားတဦးဖြစ်ပြီး လက်ရှိမှာတော့ ဘာကာယူ-၁၆ အသင်းအတွက် ကစားပေးနေကာ ဇာဗီက သဘောကျလွန်းလို့ အသင်းကြီးနဲ့ ပေးလေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ 



"ဇာဗီက အရမ်းသဘောကျနေသလို သူ့နည်းပြဝန်ထမ်းတွေကိုလည်း ဒီကောင်လေးကို သဘောကျစေချင်နေတယ်" လို့ Mundo Deportivo က Ferran Martinez က ပြောဆိုခဲ့ပါတယ်။ ယာမယ်လ်ရဲ့ ကစားပုံတွေကို ထုတ်နုတ်ဖော်ပြထားတဲ့ ဗီဒီယိုမှာတော့ တော်တော်လေးမြန်ဆန်ပြီး ဘောလုံးအမြင်စူးရှကာ ပြိုင်ဘက်တွေကို အလွယ်တကူပဲ ကျော်ဖြတ်ပြနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

ဇာဗီကိုယ်တိုင်ကလည်း လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ဘာကာမှာ အကျော်ကြားဆုံးကွင်းလယ်လူတဦးဖြစ်လာခဲ့သူပါ။ ဒါကြောင့် ယာမယ်လ်ကို သူ့လိုကစားသမားဖြစ်လာအောင် ဇာဗီက ပုံသွင်းနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။  လက်ရှိဘာကာနည်းပြဘ၀မှာတော့ ဇာဗီက ရလဒ်ကောင်းတွေပိုင်ဆိုင်ထားခဲ့ပြီး အသင်းကို အကောင်းဆုံးထိန်းကျောင်းပေးနေပါတယ်။ 

Share

Loading Next Article...
က္က