နောက်ကျောဒဏ်ရာ အနည်းငယ်ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်ဆေးအဖွဲ့ဟာ မော်ရိုကိုကွင်းလယ်ကြယ်ပွင့်က အသင်းကို အပြီးသတ်မပြောင်းရွှေ့ခင်မှာ နောက်ကျောဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လပေါင်းများစွာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ယူနိုက်တက်က အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကစားသမားရောင်းချရမှုကနေ ငွေကြေးရှာဖွေနိုင်ခြင်းမရှိခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်ဟာ အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူခြင်းမပြုလုပ်မီ စျေးကွက်ပိတ်ခါနီး နောက်ဆုံးရက်တွေအထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ညှိနှိုင်းဆွေးနွေးရေး အကြီးအကဲ မတ် ဟားဗရိဗ်စ်ဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဖလောရန့်စ်ကို သီးသန့်ဂျက်လေယာဉ်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး အမ်မရာဘတ်အနေနဲ့ ယူကေထိ လာပြီး ဆေးစစ်ဖို့ အချိန်မရတာကြောင့် အီတလီမှာပဲ ဆေးစစ်ခဲ့ရတာဖြစ်ပါတယ်။

ဆေးစစ်မှု ခံယူနေချိန်အတွင်း ဆေးအဖွဲ့ဝင်တွေဟာ ဖီအိုရင်တီးနားကြယ်ပွင့်ရဲ့ နောက်ကျောဘက်မှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကို တွေ့ရှိခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မော်ရိုကိုအတွက် အကိုက်အခဲပျောက်ဆေးတွေ ထိုးပြီး ကစားခဲ့ရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အမ်မရာဘတ်က ပါဝင်ကစားပေးခြင်းမရှိပါဘူး။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ သူ ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပြီး ယူနိုက်တက်ဟာ ကစားသမားကို ဒဏ်ရာအနည်းငယ်ရှိလျက်နဲ့ ခေါ်ယူခဲ့ရတဲ့ သဘောမှာရှိပါတယ်။ အတ္တလန္တာကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဟော့ဂျ်လန်းတုန်းကလည်း ယူနိုက်တက်ဟာ ဒဏ်ရာနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားဟာ အနားယူခဲ့ရပြီး အာဆင်နယ်နဲ့ပွဲမှာမှ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က