အမ်မရာဘတ်ကတော့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါပြီ။

ယူနိုက်တက်ရဲ့ ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က အသင်းရဲ့ ကစားသမားသစ် အမ်မရာဘတ်ဟာ အသင်းအတွက် အရာအားလုံးပေးဆပ်သွားမယ့် ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ အမ်မရာဘတ်ကို ယူနိုက်တက်တို့ ကနဦး အငှားနဲ့ ခေါ်ယူခဲ့တာပါ။



ဒီအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်း ပေးချေခဲ့ရတယ်လို့လည်း သိရှိရပြီး လာမယ့်နွေရာသီမှာတော့ ယူရို (၂၅) သန်းနဲ့ အပြီးသတ် ခေါ်ယူသွားမှာဖြစ်ပါတယ်။ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကတည်းက ဖီအိုရင်တီးနားကို စွန့်ခွာဖို့ သတင်းထွက်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိနွေရာသီ တစ်လျှောက်လုံး ယူနိုက်တက်တို့ အမ်မရာဘတ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် အမ်မရာဘတ် ဖီအိုရင်တီးနားမှာပဲ ဆက်နေဖို့ သတင်းထွက်ခဲ့ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတော့ ယူနိုက်တက်တို့ အမ်မရာဘတ်အတွက် သဘောတူညီမှုရရှိခဲ့တာပါ။

ဖာဒီနန်ကတော့ “အမ်မရာဘတ်ကို ကမ္ဘာ့ဖလားမှာ အနီးကပ်စောင့်ကြည့်ခဲ့ဖူးပါတယ်။ သူ့ကို အမြဲတမ်း စောင့်ကြည့်ခဲ့ပြီး အနည်းဆုံးနှစ်ခါ၊ သုံးခါလောက်ပေါ့။ သူက ဘယ်တော့မှ အရှုံးပေးတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ သူက အသင်းအတွက် ပွဲတိုင်းမှာ ပေးဆပ်တဲ့ ကစားသမားမျိုးဖြစ်ပြီး တစ်ဦးချင်းစွမ်းရည်အရ အကျိုး‌ရှိစေမှာပါ”

“ဒါပေမယ့် သူတို့တွေကို ခံစစ်တန်းအတွက် သင့်တော်တဲ့ တာဝန်အသီးသီးပေးရမှာဖြစ်ပြီး အမ်မရာဘတ်က ဒါကို ပျော်ပျော်ကြီး လုပ်ပေးမယ့် ကစားသမားမျိုးပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က