သေချာပေါက်ဂိုးရသွားနိုင်တဲ့ အခြေအနေမှာ ဝင်တားသလိုဖြစ်ခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ လီဗာပူးလ်အသင်းခေါင်း​ဆောင်ဟန်ဒါဆန်ကတော့ အာနိုးလ်ရဲ့ အလွတ်တည်ဘောကန်ချက်ကို ဝင်ရောက်တားဆီးသလိုဖြစ်ခဲ့လို့ လှောင်ပြောင်ခံနေရပါတယ်။ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမှာ ဘောလုံးက ဟန်ဒါဆန်နဲ့ထိပြီးတော့ ထွက်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ နစ်နာခဲ့ရပြီး အဝေးကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဂိုးဧရိယာအစပ်နားမှာ လီဗာပူးလ်တို့ ဂျိုတာကြောင့် အလွတ်တည်ကန်ဘော ကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆာလာနဲ့ အာနိုးလ်တို့က ကန်သွင်ဖို့ နေရာယူထားပြီး ဟန်ဒါဆန်ကတော့ ပဲလေ့စ်လူတံတိုင်းနားမှာ ရှိနေခဲ့ကာ ပြိုင်ဘက်ကို အာရုံပျက်ပြားအောင်လုပ်ဖို့အတွက် ကြိုးစားခဲ့ပြီး ဂိုးသမားရဲ့ မြင်ကွင်းကိုပါ ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ 

ဆာလာက အာနိုးလ်ကို ဘောလုံးတို့ပေးခဲ့ပြီးနောက် အင်္ဂလန်ကစားသမားက လူတံတိုင်းကို ဝိုက်ပြီးတော့ ကန်သွင်းယူခဲ့ပါတယ်။ သူ့ ကန်သွင်းချက်ဟာ ဂိုသမားရဲ့ ဘယ်ဘက်ထောင့်ဆီကို တန်းတန်းမတ်မတ်သွားခဲ့ပြီး သေချာပေါက်ဂိုးရနိုင်တဲ့ အနေအထားဖြစ်ခဲ့ပေမယ့် ဘောလုံးကို ခုန်ရှောင်ခဲ့တဲ့ ဟန်ဒါဆန်နဲ့မှ တည့်တည့်သွားထိခဲ့ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်တယောက် ကံဆိုးခဲ့ရပါတယ်။ 



အာနိုးလ်ကလည်း ဒီလိုဖြစ်သွားခဲ့တဲ့အတွက် စိတ်ပျက်လက်ပျက်ဟန်ရှိနေခဲ့ပြီးမှ ကိုယ်ရှိန်ပြန်သတ်သွားခဲ့တာပါ။ လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၂-၅ နဲ့ အရေးနိမ့်ခဲ့တဲ့နောက် နိုင်ပွဲရယူကာ ရှုံးနိမ့်မှုကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်တွေပါ ဝေဝါးလာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က