မန်ချက်စတာယူနိုက်တက်ကစာသမားတွေရဲ့အနာဂတ်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို ၇-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း မရေမရာတော့တဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမား ၁၃ ဦးဟာ အန်းဖီးက ဆိုးရွားတဲ့ ရှုံးပွဲအပြီးမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သိရပြီး တနင်္ဂနွေနေ့က အသင်းသမိုင်းတလျှောက် အကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့တာဖြစ်ပြီး ကာရာဘောင်းဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာပဲ စိတ်ပျက်ဖွယ် ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ခေတ်လွန် ကြုံတွေ့ခဲ့သမျှထဲက အကောင်းဆုံးနေ့ရက်တွေထဲက တစ်နေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တနင်္ဂနွေနေ့က လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့မှုက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် အဆိုးရွားဆုံးနေ့တစ်နေ့မဟုတ်ခဲ့ရင်တောင် အဆိုးရွားဆုံးနေ့တွေထဲက တစ်နေ့ဖြစ်ခဲ့ပြီး Football Transfers ရဲ့ ဖော်ပြချက်အရ ကစားသမား ၁၃ ဦးဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲဒီကစားသမားတွေထဲက တစ်ဦးကတော့ ဖရက်ဒ်ဖြစ်တယ်လို့ သိရပြီး ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ခရစ်ရှန် အဲရစ်ဆင်မပါဝင်နိုင်ချိန်မှာ အဲရစ် တန်ဟက်လက်အောက် ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် အလွန်ကောင်းမွန်တဲ့ဖေဖော်ဝါရီလကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘရာဇီးလ်ကွင်းလယ်လူဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ရှက်တာဒိုးနတ်အသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်းကတည်းက ခြေစွမ်း တိုးတက်မှုမရှိတာကြောင့် ပြစ်တင်ဝေဖန်မှုတွေ မကြာခဏခံခဲ့ရသူ ဖြစ်ပါတယ်။ ဖရက်ဒ်ရဲ့ အသင်းဖော်ဖြစ်တဲ့ စကော့တ် မက်တော်မီနေးကလည်း အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ဇန်နဝါရီတုန်းက နယူးကာဆယ်လ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။
ဟာရီ မက်ဂွိုင်းယားကလည်း ၂၀၁၉ ခုနှစ်မှာ လက်စတာစီးတီးကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေနဲ့ ဆိုးရွားတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီတုန်းက အင်္ဂလန်နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတာ ဖြစ်ပါတယ်။ အန်သိုနီ မာစီယယလ်၊ ဗန်ဒီဘိခ်၊ ဘစ်ဆာကာ၊ အီလန်ဂါ၊ ဖီးလ် ဂျုံးစ်၊ ဘရန်ဒန် ဝီလီယံစ်၊ ပယ်လီစထရီ၊ အဲလက်စ် တဲလက်စ်တို့အပြင် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့လည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာနိုင်တယ်လို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။