ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကာရာဘောင်းဖလားကို ကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က အန်းဖီးမှာတွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် လီဗာပူးလ်အသင်းအပေါ် မန်ချက်စတာယူနိုက်တက် အဓိကအားသာချက်တစ်ခုရှိနေတာကို ထောက်ပြခဲ့ပါတယ်။

ခါးသီးပြိုင်ဘက်တွေဖြစ်ကြတဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ယခုရာသီမှာ နေရာချင်း လဲထားသလိုမျိုး ဖြစ်နေခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့ အသင်းက ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နေချိန်မှာ ကလော့ပ်ရဲ့အသင်းက ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်ဖို့ကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မာဆေးဆိုဒ်ကလပ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဝုလ်ဗ်စ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၄ ပွဲဆက် ပရီးမီးယားလိဂ် ပေးဂိုးမရှိပွဲစဉ်ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားတက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်း ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကာရာဘောင်းဖလားကို ကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်လ် ယူနိုက်တက်ကို ဝင်ဘလေကွင်းမှာ အနိုင်ယူပြီး ကာရာဘောင်းဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ၆ နှစ်ကြာ ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၄၀ အတွင်း အရှည်ကြာဆုံး ဆုဖလားပျောက်ဆုံးမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းထက် ပိုမိုလန်းဆန်းနေတဲ့အသင်းဖြစ်နေမှာဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး တန်ဟက်က ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ လူစာရင်းကို အလှည့်ကျ ပွဲထွက်ကစားစေခဲ့တာ ဖြစ်ပါတယ်။ "မန်ယူနိုက်တက် အခုအချိန်မှာ ပုံစံကောင်းရနေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်၊ စီးတီးတို့နဲ့အတူ ကောင်းကောင်းလုပ်နိုင်နေတဲ့အသင်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်တယ်။ အသင်းက တော်တော်လေး ကောင်းမွန်တဲ့အခိုက်အတန့်တွေမှာ ရှိနေခဲ့ပြီး ကျွန်တော် ပွဲထွက်လူစာရင်း(ကာရာဘောင်းဗိုလ်လုပွဲလူစာရင်း)ကို မကြည့်ရသေးပေမယ့် သူတို့တွေ အနည်းငယ်တော့ အပြောင်းအလဲ လုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်ပါတယ်"

"အဲဒါက သူတို့ထဲက အချို့က ကျွန်တော်တို့ထက် နည်းနည်းပိုပြီးတော့ လန်းဆန်းနေလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ဒါပေမယ့် အဲဒါက အိမ်ကွင်းပွဲဖြစ်ပြီး အန်းဖီးမှာ ကစားရမှာပါ။ အန်းဖီးက ဒီညမှာ နောက်ထပ်တစ်ကြိမ် ရမှတ်တွေကို သက်သေပြသခဲ့တယ်လို့ ထင်ပြီး အရမ်း အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကောင်းမွန်တဲ့အစုအဖွဲ့လိုမျိုး ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့အားလုံး အတူတူရှိနေခဲ့ကြတယ်။ အဲဒါကို ကျွန်တော် နှစ်သက်ပါတယ်။ အဲဒါက တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် လိုအပ်မယ့်အရာဖြစ်ပြီး ခက်ခဲလိမ့်မယ်ဆိုတာ အမှန်ပါပဲ။ ခင်ဗျား အရင်ပွဲမှာ ဘယ်လို ရလဒ်မျိုးပဲ ထွက်ခဲ့ထွက်ခဲ့ ဒီအပတ် ယူနိုက်တက်ကို ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ခင်ဗျား ပြန်ပြီး တုံ့ပြန်ရမှာပါ"


"ဒါပေမယ့် အခုတော့ ကျွန်တော်တို့ရဲ့ ယေဘုယျ အခြေအနေအတွက် ပြီးခဲ့တဲ့ပွဲက ရလဒ်ကို အသုံးပြုမှာပါ။ ကျွန်တော်တို့ စွမ်းဆောင်ရည်အပေါ်နဲ့ ရလဒ်အပေါ်မှာ တည်ဆောက်သွားရမှာဖြစ်ပြီး အဲဒီအတိုင်း အတိအကျလုပ်နိုင်ဖို့ အရာအားလုံးကို ကြိုးပမ်းသွားရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က