အိမ်ကွင်းမှာ ကြီးမားတဲ့ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။

တန်ဟက်ဂျ်ရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ အန်ဖီးလ်မှာ ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး ပထမအကျော့က ရှုံးကြွေးကို လီဗာပူးလ်တို့ ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးလ်က တပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ယူနိုက်တက်တို့ ကစားကွက်လုံး၀တည်မရအောင်ကို လုပ်နိုင်ခဲ့ပြီး တန်ဟက်ဂျ်ရဲ့ အစွမ်းထက်လက်နက်တွေကို စွမ်းရည်ကင်းမဲ့အောင်ပါ ဖန်တီးနိုင်ခဲ့ပါတယ်။ 

ဒီဂီယာရဲ့ အားနည်းချက်ကြောင့် ယူနိုက်တက်တို့ Build-up တွေ ကောင်းကောင်းမလုပ်နိုင်ဘဲ ရုန်းကန်နေရချိန်မှာ လီဗာပူးလ်ဂိုးသမားအယ်လစ်ဆန်ကတော့ အလွယ်တကူပဲ အသင်းရဲ့ Build-up တွေကို စတင်နိုင်ခဲ့တာကလည်း ကွာဟချက်ကြီးဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာကတော့ ယူနိုက်တက်ကစားသမားအများစု ပွဲပန်းနေဟန်ရှိပြီး ပုံမှန်ခြေပျောက်ဆုံးနေခဲ့ကြတာပါ။ 

ဒါကြောင့် လီဗာပူးလ်က ပွဲချိန်ကြာလာတာနဲ့အတူ စိတ်ကြိုက်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့သာ ဂိုးရတာ နောက်ကျခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဂက်ခ်ပိုက အဖွင့်ဂိုးသွင်းခဲ့ပြီး အဆိုပါဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းစပြီး သိပမကြာခင်မှာပဲ ဒါဝင်နူနက်ဇ်က အနီးကပ်ခေါင်းတိုက်ပိတ်သွင်းယူပြီး နောက်တဂိုးသွင်းပေးခဲ့ပါတယ်။ 

ယူနိုက်တက်ခံစစ်ပိုင်းကလည်း အားနည်းချက်တွေရှိနေခဲ့ပြီး နေရာလွတ်တွေအများကြီး လီဗာပူးလ်ကို ပေးခဲ့ရပါတယ်။ ဒီအမှားကနေပဲ လီဗာပူးလ်က ဂိုးတွေဆက်တိုက်သွင်းခဲ့ပြီး ဒုတိယဂိုးရပြီးသိပ်မကြာခင်မှာ ဂက်ခ်ပိုက နောက်တဂိုးထပ်သွင်းခဲ့လို့ ပွဲက ပြီးသလောက်ဖြစ်သွားခဲ့ပြီး ၃-၀ နဲ့ လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ဒီနောက် မိနစ် ၆၀ ကျော်မှာ ဆာလာက နောက်တဂိုးကို အပိုင်ကန်သွင်းပြီး ရယူခဲ့ကာ ၄-၀ နဲ့ ထပ်ဦးဆောင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဘာဆိုဘာမှမလုပ်နိုင်ခဲ့ဘဲ ကစားကွက်လည်း တော်တော်လေးပျက်ယွင်းနေခဲ့ပြီး နောက်ထပ်ဂိုးတွေမပေးရဖို့ကို ပိုအာရုံစိုက်ခဲ့ရပါတယ်။ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ မာတီနက်ဇ်တို့လို အဓိကကစားသမားတွေ ခြေစွမ်းမပြနိုင်တဲ့နောက်မှာ ယူနိက်တက်တို့ အခုလိုမျိုး ရလဒ်ထွက်ခဲ့တာ မဆန်းဘူးလို့ပြောရမှာဖြစ်ပါတယ်။

လီဗာပူးလ်ကတော့ ပွဲအရှိန်ကို လုံး၀မလျှော့ခဲ့ဘဲ တိုက်စစ်ကို ဆက်တိုက်ဖိကစားခဲ့ပြီး ၇၅ မိနစ်မှာ ဒါဝင်နူနက်ဇ်က ခေါင်းတိုက်ဂိုးသွင်းပေးခဲ့ပြန်လို့ ၅-၀ အထိဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် ဆာလာနဲ့ ဖာမီနိုတို့က ၁ ဂိုးစီထပ်သွင်းကာ ပွဲက ၇-၀ အထိဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ အန်ဖီးလ်မှာ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရကာ တန်ဟက်ဂျ်လက်ထက် အဆိုးရွားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နည်းနည်းလေးရှိတဲ့ အမှတ်ပေးဖလားမျှော်လင့်ချက်တွေလည်း လုံး၀ကုန်ဆုံးသွားပြီဖြစ်ပါတယ်။


Share

Loading Next Article...
က္က