နဗီးလ်ကတော့ အာဆင်နယ် မနိုင်လောက်ဘူးလို့ ခန့်မှန်းသွားပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူတဦးအဖြစ် တာဝန်ယူနေတဲ့ ဂယ်ရီနဗီးလ်က အာဆင်နယ်အနေနဲပ အန်ဖီးလ်မှာကစားရမယ့် လီဗာပူးလ်နဲ့ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အန်ဖီးလ်မှာမို့လို့ အရေးနိမ့်သွားလိမ့်မယ်လို့ ထပ်ဆောင်းပြောဆိုသွားခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်စီးတီးထက် တပွဲပိုကစားထားပြီး ၈ မှတ်အသာစီးရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ပွဲတွေက အာဆင်နယ်အတွက်တော့ ပွဲကျပ်တွေဖြစ်နေပြီး လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ဆက်တိုက်ဆိုသလိုကို ရင်ဆိုင်ရမှာဖြစ်လို့ အမှတ်လျော့နိုင်ချေတွေရှိနေကာ ဆုဖလားလမ်းကြောင်းကလည်း အတိမ်းအစောင်းတွေဖြစ်လာနိုင်ချေရှိပါတယ်။ 

ဂယ်ရီနဗီးလ်က "အန်ဖီးလ်မှာသာ အာဆင်နယ်အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဖလားက သူတို့အတွက်ဆိုတာ သေချာပေါက် ကျနော်ပြောနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီကွင်းမှာ အနိုင်ရတဲ့ ခံစားချက်က မယုံနိုင်စရာကောင်းအောင်ကို ကောင်းမွန်လို့ပါ၊ အန်ဖီးလ်က အရမ်းကို အန္တရာယ်များတဲ့နေရာပါ၊ သူတို့ရှုံးခဲ့မယ်ဆိုရင် ဆုဖလားပြိုင်ပွဲက လှုပ်ခတ်လာပါလိမ့်မယ်"

"သူတို့ ရှုံးမယ်လို့ ကျနော်ကတော့ ထင်တယ်၊ ဘာလို့လဲဆိုရင် အန်ဖီးလ်မှာဆိုရင် သူတို့က ရှုံးနေကျဖြစ်နေလို့ပါကပဲ၊ ဒါပေမယ့် သူတို့အနိုင်ရခဲ့မယ်ဆိုရင်တော့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ပါပြီ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ဖောရက်စ်၊ ၀ုလ်ဗ်တို့နဲ့ လက်ကျန်ပွဲတွေ ကစားရမှာဖြစ်ပါတယ်။ 

လာမယ့် ၅ ပွဲကတော့ အာဆင်နယ်ရဲ့ အမှတ်ပေးဖလားရ၊မရဆိုတာကို စမ်းသပ်မယ့်ပွဲတွေဖြစ်ပြီး သူတို့ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ဆုဖလားကို သေချာပေါက်ရယူနိုင်ပြီလို့ ဆိုနိုင်တော့မှာပါ။ အသင်းကြီး ၃ သင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေက အာဆင်နယ်အတွက်တော့ တကယ်ကို အရေးပါနေပါပြီ။ 


Share

Loading Next Article...
က္က