လီဗာပူးလ်တို့ အေးဆေးလွယ်ကူတဲ့နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကတော့ မာကျောမှုတွေရှိနေတဲ့ ဗီလာကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ သက်တောင့်သက်သာနဲ့ ကစားခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာပဲ ဆိုဘော့ဇ်လိုင်က ဦးဆောင်ဂိုးသွင်းခဲ့လို့လည်း လီဗာပူးလ်တို့ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ကာ အန်ဖီးလ်မှာ နိုင်ပွဲတပွဲ လွယ်လွယ်ကူကူပဲ ရခဲ့ပါတယ်။ 

ဗီလာတို့ အန်ဖီးလ်မှာဆိုရင် ရုန်းကန်ရတဲ့ အစဉ်အလာအတိုင်း ဒီပွဲမှာလည်း ရုန်းကန်သွားခဲ့ရတာပါ။ လီဗာပူးလ်က ပွဲကို ထိန်းချုပ်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အများကြီးရခဲ့ပါတယ်။ ဗီလာလည်း ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို အပိုင်အခွင်အရေးကိုလည်း အယ်လစ်ဆန်က ဂိုးစည်းပေါ်ကနေ ပုတ်ထုတ်သွားခဲ့ပါတယ်။ 

လီဗာပူးလ်အတွက် ဆာလာက တဂိုးထပ်သွင်းခဲ့ကာ ဗီလာနောက်ခံလူမက်တီကက်စ်က ကိုယ့်ဂိုးကိုယ်တဂိုးသွင်းခဲ့လို့ ပွဲချိန်အစောကြီးမှာပဲ ၃ ဂိုးပြတ်နေခဲ့တာပါ။ ဒါတောင် လီဗာပူးလ်တို့ ဖြုန်းတီးခဲတ့ာတွေ များလို့ပါ။ အသုံးချနိုင်ခဲ့မယ်ဆိုရင် ဒီထက် ဂိုးပြတ်ခဲ့မှာဖြစ်ပြီး သူတို့အသုံးမချနိုင်ခဲ့ပါဘူး။ 

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့ ၃ ပွဲဆက် အနိုင်ရခဲ့ကာ ဇယားထိပ်ပိုင်းကို ပြန်တက်လာခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်က ဂိုးတွေ ဆက်တိုက်ရနေကာ အလုပ်ဖြစ်နေပါတယ်။ အန်ဖီးလ်ကတော့ နာမည်ကျော်ကြားမှုအတိုင်းပဲ ပြိုင်ဘက်တွေကို အလွယ်တကူပဲ အနိုင်ယူနေကျပုံစံကို ထပ်ပြသခဲ့ပါတယ်။ 


Share

Loading Next Article...
က္က