ပြိုင်ဘက်တိုင်းကို ၂ဂိုးနဲ့အထက် ဂိုးပြတ်နိုင်ပွဲတွေချည်း ယူပြနေတာပါ။

ရလဒ်တွေ နည်းနည်းယိမ်းယိုင်ခဲ့တဲ့ လီဗာပူးလ်ကတော့ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ဂိုးပြတ်နိင်ပွဲပြန်ယူသွားခဲ့ပါတယ်။ ဒဏ်ရာရကစားသမားတွေကလွဲရင် ကလော့ပ်က လူစုံထုတ်အသုံးပြုခဲ့ပြီး ထုံးစံအတိုင်း ဆာလာက အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ၂ဂိုးသွင်းခြေစွမ်းပြသွားခဲ့ပါတယ်။ 

အစောပိုင်းမှာ လီဗာပူးလ်ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဒါဝင်နူနက်ဇ်က ၂ဂိုးအထိသွင်းခဲ့ပေမယ့်် ၂ကြိမ်စလုံးလူကျွံနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဒုတိယဂိုးဆိုရင် နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့ပေမယ့် လူကျွံတာက အသိသာာကြီးဖြစ်နေခဲ့လို့ ဂိုးမရခဲ့ဘဲ သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

ဒါပေမယ့် ၃၉ မိနစ်မှာ ဆာလာက အပိုင်ကန်သွင်းယူပြီး ပထမပိုင်းကို အဆိုပါဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ပွဲချိန်ကြာလေ ဘရန့်ဖို့ဒ်က လီဗာပူးလ်တိုက်စစ်ကို တောင့်မခံနိုင်လေဖြစ်နနေခဲ့ပြီး ဒုတိယပိုင်း ဆာလာနဲ့ ဂျိုတာတို့က တဂိုးစီထပ်သွင်းခဲ့လို့ ပွဲကပြီးသလောက်ဖြစ်သွားခဲ့ပါတယ်။ 

ဒီရာသီအိမ်ကွင်းပွဲတိုင်းမှာ ပြိုင်ဘက်တိုင်းတွေကို ၂ဂိုးနဲ့အထက် ရလဒ်တွေနဲ့ချည်း အပြတ်အနိုင်ရခဲ့တဲ့ စံချိန်ကို လီဗာပူးလ်တို့ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ အိမ်ကွင်းအန်ဖီးလ်မှာဆိုရင် လီဗာာပူးလ်က ပြိုင်ဘက်မရှိအောင်ကိုဖြစ်နေပြီး သူတို့ကို အနိုင်ယူဖို့ဆိုတာက အိပ်မက်တခုလိုပဲရှိနေမယ်ဆိုတာကို ထပ်ပြသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က