အန်ဆယ်လော့တီ လီဗာပူးကိုရှုံးခဲ့တဲ့အကြောင်း ကလော့ပ်က ပြန်ပြောခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီရဲ့ (၂၀၀၅) ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးပွဲအကြောင်းကို ပြန်ပြောင်းပြောကြားခဲ့ပြီး ဟာသလုပ်နောက်ပြောင်ခဲ့ပါတယ်။ လီဗာပူးနဲ့ အေစီမီလန်တို့ ထိပ်တိုက်တွေ့ခဲ့တဲ့ အဆိုပါ (၂၀၀၅) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အန်ဆယ်လော့တီက အေစီမီလန်နည်းပြအဖြစ်ရှိခဲ့တာပါ။



အဲ့ဒီပွဲမှာ အန်ဆယ်လော့တီရဲ့ အေစီမီလန်က သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူးက သုံးဂိုးပြန်သွင်းခဲ့ပါတယ်။ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ရှိခဲ့ပြီးနောက် လီဗာပူးက ပင်နယ်တီအဆုံးအဖြတ်မှာ အေစီမီလန်ကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ဒီပွဲက ချန်ပီယံလိဂ်သမိုင်းရဲ့ အကောင်းဆုံး Comeback ပွဲစဥ်တွေထဲကတပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လီဗာပူးအတွက်လည်း ဒီအစ္စတန်ဘူလ်ညက အခုချိန်ထိ အမှတ်ရစရာပါ။ ဒီပွဲနဲ့ပတ်သက်လို့ လီဗာပူးနည်းပြ ကလော့ပ်က ရီးရဲလ်မက်ဒရစ်နဲ့ မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

ကလော့ပ်က “ကျနော် အဲ့ဒီညက တပွဲလုံးကိုတောင် သေချာကြည့်ခဲ့လဲ သေချာ မသိတော့ပါဘူး။ ဒါပေမယ့် (၂၀၀၅) ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက လီဗာပူးနိုင်ခဲ့တယ်လေ။ တကယ်ကို ကြီးမားတဲ့ Comeback နဲ့ပေါ့။ ဒါတွေက ဒီလိုပါပဲ။ ကျနော် လီဗာပူးကို စရောက်တည်းက ဒီမှာရှိတဲ့လူတိုင်း ကျနော့်ကို ဒီဗိုလ်လုပွဲအကြောင်း လာပြောပါတယ်”

“ခင်ဗျားက အရင်သွားမေးနေစရာတောင် မလိုပါဘူး။ ဒီလိုမျိုးပုံပြင်ဟောင်းတွေကို ခင်ဗျားက ဘာမှမေးစရာမလိုဘဲကို သိလာမှာပါ။ သုံးဂိုးပြတ်ရှုံးတယ်၊ သုံးဂိုးစီသရေပြန်ဖြစ်တယ်၊ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တယ်၊ ဒူးဒက်က အေစီမီလန်ရဲ့ အပိုင်အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တယ်၊ တကယ်ကို ပွဲကြီးပွဲကောင်းပါပဲ”

“အဲ့ဒီညက အေစီမီလန်နည်းပြ ဘယ်သူလဲဗျ?” လို့ပါ တဆက်တည်းမေးမြန်းခဲ့ပါတယ်။ သတင်းထောက်က “အန်ဆယ်လော့တီပါ” လို့ ပြောချိန်မှာ ကလော့ပ်က “ဟုတ်ပြီဗျာ။ ကျနော်သိတယ်။ အန်ဆယ်လော့တီရေ... ကျုပ်တို့လာနေပြီနော် (ရယ်လျက်)” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က