သူ့ တပည့်အပေါ် ယုံကြည်မှုပေးထားတာဖြစ်ပါတယ်။

အသစ်ခေါ်ယူထားတဲ့ တောင်ပံကစားသမားအန်တိုနီက အသင်းမှာ အလွယ်တကူပဲ အထိုင်ကျလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဂျ်က ပြောဆိုလိုက်ပါတယ်။ အန်တိုနီကတော့ ယူနိုက်တက်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ကြီး အသင်းသမိုင်းတလျှောက်မှာ ဒုတိယမြောက်စျေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ Mirror က ဆိုပါတယ်။ 

ဘရာဇီးလ်သားဟာ မနက်ဖြန်မှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲမှာ ယူနိက်တက်အတွက် ပထမဆုံးအကြိမ်ပါဝင်ကစားဖွယ်ရာလည်းရှိနေပါတယ်။ သူရောက်ရှိလာမှုနဲ့အတူ ယူနိုက်တက်က စျေးကွက်အတွင်းမှာ ပေါင်သန်း ၂၃၀ အထိ သုံးစွဲခဲ့ပြီး ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ကက်စ်မဲရိုး၊ မာတီနက်ဇ်၊ အဲရစ်ဆန်၊ မာလာစီယာ၊ မာတင်ဒူဘရာကာနဲ့ အန်တိုနီတို့ဖြစ်ပါတယ်။ 

အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးက ဖိအားတွေဖြစ်နိုင်လားဆိုတဲ့ မေးခွန်းကို တန်ဟက်ဂျ်က - "သူက သူ့ကိုယ်သူ သက်သေပြခဲ့ပြီးပါပြီ၊ ချန်ပီယံလိဂ်၊ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးနဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်ပါ၊ ဘရာဇီးလ်မှာ အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေအများကြီးပါ၊ အသင်းနှစ်သင်း၊ သုံးသင်းစာလောက်တောင် ခင်ဗျားရွေးချယ်လို့ရတယ်၊ ဒီတော့ သူက ဖိအားတွေနဲ့ ရင်းနှီးပြီးသားကစားသမားဖြစ်နေပြီးပါပြီ"

"သူ့အတွက် ဒါက အသစ်တခုစတင်တာဖြစ်ပြီး အသင်းနဲ့လိုက်လျောညီထွေဖြစ်အောင် ၊ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ဖို့ လိုပါတယ်၊ ဒါပေမယ့် သူ လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ဆိုပါတယ်။ ပြောင်းရွှေ့ကြေးက ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်ကို သက်ရောက်စေနိုင်လားဆိုတာကိုလည်း တန်ဟက်ဂျ်က အခုလိုပြောခဲ့ပါတယ်။ 

"အဲဒါတွေနဲ့ သူ အသားကျပြီးသားပါ၊ သူက ဘောလုံးအတွက်နဲ့ ပျော်ရွှင်မှုအတွက် ရှိနေတာဖြစ်ပြီး အဲဒါကိုပဲ အာရုံစိုက်ပြီးတော့ အသင်းအတွက် သူ့ကစားပုံတိုးတက်လာအောင် လုပ်နေပါတယ်၊ ဒီလိုလုပ်တဲ့အခါမှာ သူ့ဆီကနေ စွမ်းဆောင်ရည်တွေလည်း ထွက်ပေါ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။ အန်တိုနီကတော့ သူ့ရဲ့ ဘောလုံးစကေးလ်ကျွမ်းကျင်မှု၊ အလိမ်အခေါက်ကောင်းမွန်မှုတွေကြောင့် အေဂျက်ဇ်မှာ ပရိသတ်ကြိုက်ကစားသမားဖြစ်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က