ဖူလ်ဟမ်နဲ့ပွဲကဆိုရင် လူစားလဲပစ်ရတဲ့အထိပါပဲ။

ယူနိုက်တက်ပရိသတ်တွေဟာ အသင်းရဲ့ စံချိန်တင်ပြောင်းရွှ့ကြေးရှင်တစ်ယောက်ဖြစ်တဲ့ အန်တိုနီရဲ့ ခြေစွမ်းကို ဝေဖန်နေကြတယ်လို့ သိရှိရပါတယ်။ အဆိုပါ ကစားသမားအတွက် ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် နွေရာသီမှာ ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အထိ ပေးချေခဲ့ရတာပါ။



ဒါပေမယ့် အဆိုပါ ဘရာဇီးသားက ယူနိုက်တက်မှာ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခြင်းမရှိဘဲ ဒီရာသီအစောပိုင်းမှာလည်း လူမှုရေးပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အခုချိန်မှာတော့ ဒီပြဿနာတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့တာကြောင့် အသင်းမှာ ပြန်ကစားခွင့်ရနေတာပါ။
ဖူလ်ဟမ်ကို ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အန်တိုနီက ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့တော့ ပရိသတ်အတွက် ကျေနပ်စရာမဖြစ်ခဲ့ဘဲ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်နေရတာပါ။
အန်တိုနီဟာ အဆိုပါပွဲမှာ အကြိမ်ကြိမ် ဘောလုံးဆုံးရှုံးခဲ့ပြီး ပွဲကစားချိန် (၆၃) မိနစ်မှာတော့ ပယ်လီစထရီနဲ့ လူစားလဲခံခဲ့ရပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “အန်တိုနီက ဘီဘီထက်တောင် ခြေစွမ်းဆိုးရွားပါသေးတယ်။ ယူနိုက်တက်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး တောင်ပံကစားသမားပါ”
“စာရင်းချကြည့်လိုက်ရင် အများကြီးရှိပေမယ့် အန်တိုနီက အဆိုးရွားဆုံး ခေါ်ယူမှုတစ်ခုပါပဲ” လို့ မှတ်ချက်ပြု​​ ဝေဖန်ခဲ့ကြပါတယ်။ ဘီဘီကလည်း ယူနိုက်တက်အတွက် (၇) ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး (၂)​ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က