မန်ယူနိုက်တက်အတွက် ပိုပြီး ခြေစွမ်းတည်ငြိမ်တဲ့ကစားသမားဖြစ်လာမယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်က မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် အန်တိုနီရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပြီး ၎င်းရဲ့ ပေါင် ၈၂ သန်းတန် ခေါ်ယူမှုက ပြိုင်ဘက်တွေကို သတ်ပစ်နိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

 

အန်တိုနီဟာ အိုးထရက်ဖို့ဒ်က ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြလိုက်၊ မပြလိုက်နဲ့ အလားအလာရှိတယ်ဆိုတာကိုတော့ တစ်ချက်တစ်ချက် ပြသခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

 

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ဆုဖလားပြိုင်ပွဲတွေမှာ ပိုမို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို သက်သေပြသခဲ့ပြီး မန်ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့မှုမှာ သွင်းဂိုး ၂ ဂိုး၊ အက်ဖ်အေဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့မှုမှာ သွင်းဂိုး ၁ ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

 

ဘောလုံးဝေဖန်သူ အများအပြားဟာ ယခုရာသီ အန်တိုနီရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပေမယ့်လည်း တန်ဟက်က စိတ်မပူဘူးလို့ ပြောကြားခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားက မန်ယူနိုက်တက်အတွက် ပိုပြီး ခြေစွမ်းတည်ငြိမ်တဲ့ကစားသမားဖြစ်လာမယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။

 

“ဟုတ်တာပေါ့။ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေကို ခြိမ်းခြောက်မှုတစ်ခုသာမကဘဲ ပင်နယ်တီဧရိယာထဲမှာ အကျိုးသက်ရောက်မှုရှိဖို့လည်း မျှော်မှန်းထားပါတယ်။ သူ အဲဒီအပေါ်မှာ အလုပ်လုပ်သွားရမှာပါ။ ဒါပေမယ့် သူက ငယ်ရွယ်တဲ့ ကစားသမားပါ။ ခင်ဗျားသူ့ရဲ့ မှတ်တမ်းတွေကို တွေ့တဲ့အခါမှာ သူက လိဂ်မှာ ဂိုးတွေအများကြီးတော့ မသွင်းထားတာဖြစ်နိုင်ပေမယ့် သူက ကြီးမားတဲ့ ဖလားပွဲစဉ်တွေမှာ ဂိုးသွင်းယူခဲ့တယ်။ သူက ရီးရဲလ်ဘက်တစ်ကို ဂိုးသွင်းခဲ့တယ်။ ပထမပိုင်းအပြီး အရမ်းအရေးပါတဲ့သွင်းဂိုးပါ။ ပြီးတော့ ဘာစီလိုနာနဲ့ပွဲမှာ ဂိုးသွင်းခဲ့တယ်။ ခင်ဗျား ဒီပွဲတွေက ပွဲကြီးမဟုတ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ခင်ဗျား အဲဒါကို ဖလားပွဲတွေမှာ လုပ်နိုင်ရင် ပရီးမီးယားလိဂ်မှာလည်း လုပ်နိုင်ပါတယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး စိတ်မပူပါဘူး။ ကစားသမားတွေ အားလုံးတွေလိုပဲ သူ တိုးတက်အောင် လုပ်ရမယ်။ ဒါပေမယ့် သူက ဖိုက်တာဖြစ်ပြီး အရမ်းငယ်ရွယ်တဲ့ ကစားသမားပါ။ သူက ပြိုင်ဘက်တွေကို သတ်ပစ်နိုင်ပါတယ်။ အဲဗာတန်က စနေနေ့မှာ နောက်ထပ်ကစားသမားကို ခေါ်ယူခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘယ်နောက်ခံလူကို သတ်ပစ်ခဲ့လို့ပါ။ ဒါပေမယ့် ခင်ဗျား အဲဒါကို ပွဲတိုင်းလုပ်နိုင်ဖို့လိုတယ်။ သူက အဲဒါကို လုပ်နိုင်စွမ်းရှိတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က