ကာရာဘောင်းဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် အကြီးမားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ လီဗာပူးလ်ကို ၇-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် တောင်ပံကြယ်ပွင့် အန်တိုနီကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ပုံမှန်ခြေစွမ်းရရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်စေခဲ့တာဖြစ်ပြီး ၁၉၃၁ ခုနှစ် ဘောက်ဆင်ဒေးနောက်ပိုင်း အကြီးမားဆုံးရှုံးပွဲအရသာကို မြည်းစမ်းစေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ကို ဂန္တဝင်ကစားသမားတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး တန်ဟက်ရဲ့အသင်းဟာ ၁၁ ပွဲရှုံးပွဲမရှိ၊ ကာရာဘောင်းဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် အကြီးမားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် နည်းပြ တန်ဟက်ဟာ ၎င်းရဲ့ နွေရာသီ အဓိကကစားသမားခေါ်ယူမှုတွေထဲက တစ်ဦးကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ တန်ဟက်ဟာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အန်သိုနီ၊ ဖရက်ဒ်၊ ဒါလော့တ်တို့ ၃ ဦးကို တော်တော်လေး စိတ်ပျက်ခဲ့တယ်လို့ သိရပြီး ယခုလာမယ့် နွေရာသီမှာ ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီကမှ အိုင်းယက်စ်ကနေ ပေါင် ၈၅ သန်းနီးပါးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးကတည်းက ပုံမှန် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က