လီဗာပူးအသင်းအနေနဲ့ ၂၅ပွဲကစားပြီးချိန်မှာ ၂၄ပွဲနိုင် ၁ပွဲသရေရလဒ်ရရှိထားတာပါ။

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အပြီးအထိ ရှုံးပွဲမရှိရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဆဲပါ။

ဆောက်သမ်တန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ပွဲ ပိုကစားပြီး ရမှတ် ၂၂မှတ်အထိဖြတ်ထားနိုင်ခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ ရာသီမကုန်ခင်ချန်ပီယံဆုရ ရှိဖို့ နီးစပ်လာတဲ့အတွက် ပွဲစဉ် ၃၆၊ ၃၇ တို့တွင် ရင်ဆိုင်ရမယ့် အဓိကပြိုင်ဘက်အာဆင်နယ်၊ ချဲလ်ဆီး တို့ရဲ့ ဂုဏ်ပြုကြိုဆိုခံရမယ့်အချိန်နဲ့နီးစပ်လာခဲ့ခြင်းကို soccerway ရဲ့မှတ်တမ်းတွေအရသိရပါတယ်။



လက်ရှိမှာ ပွဲစဉ် ၂၅ပွဲကစားပြီးချိန်အထိ ၁ပွဲသရေ ၂၄ပွဲအနိုင်ရရှိထားတဲ့ လီဗာပူးအသင်းအနေနဲ့ အာ ဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိချန်ပီယံဆုရရှိခဲ့တဲ့ စံချိန်ဟောင်းကိုလိုက်မီနိုင်ဖို့အကောင်းဆုံးအခြေ အနေ တစ်ရပ်အဖြစ်ရှိနေခဲ့ပြီး လက်ကျန် ၁၃ပွဲတွင် ရပွဲအနိုင်ရရှိခဲ့ပါက ချန်ပီယံဆုအဖြစ်ရပ်တည်နိုင်တော့မှာ လည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့အစဉ်အလာတွေအရ ရာသီမကုန်ခင်ချန်ပီယံအသင်းပေါ်ထွက်ခဲ့ပါက ချန်ပီယံအသ င်းနဲ့လက်ခံကစားရတဲ့ပွဲစဉ်တိုင်း တစ်ဖက်အသင်းက ကွင်းအတွင်းစောစီးစွာဝင်ရောက်ပြီး ချန်ပီ ယံကို လက်ခုပ်တီးကြိုဆိုရတဲ့အစဉ်အလာတစ်ခုရှိနေခဲ့တာဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ အဆိုပါအခွင့် အေ ရးကို ရရှိဖို့ အကောင်းဆုံးအခြေအနေမှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဝေဖန်သုံးသပ်သူအများစုကတော့ လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ်အဖြစ်ရရှိရန် ၉၉ရာခိုင်နှုန်းအထိသေချာနေခဲ့ပြီဖြစ်ပေမယ့် ခါးသီးမြို့ခံပြိုင်ဘက်အဲဗာ တန်၊ မန် စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတို့ကို ဆက်လက်ရင်ဆိုင်ရဖို့ရှိနေတဲ့အတွက် ရှုံးပွဲမရှိချန်ပီယံအြ ဖ စ်ရပ်တည်နိုင်ဖို့အတွက်ကတော့ အခွင့်အလမ်းနည်းပါးလွန်းတယ်လို့ သုံးသပ်မှုများရှိနေခဲ့တယ်လို့ Mirror.com က ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။


၁၉၉၂မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ချန်ပီယံအဖြစ် တစ်ကြိမ်တစ်ခါမှရပ်တ ည်နိုင်ခြင်းမရှိခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ အခုနှစ်တွင်ချန်ပီယံဖြစ်ခဲ့ပါက ၁၉ကြိမ်မြောက်ပြည်တွင် း မှတ်ပေးချန်ပီယံဆုကိုရရှိမှာဖြစ်ပြီး ယူနိုက်တက်၊ ဘလက်ဘန်း၊ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး ၊ လက်စတာတို့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိတဲ့ ရသင်းမြောက်အသင်းလည်းဖြစ်လာမှာပါ။

Share

က္က