အမှုဆောင်ချုပ် အီဒူထံဆက်သွယ်လာတာပါ။

မာတီနယ်လီကို အာဆင်နယ်က ဒီနှစ်မှာမှ ပေါင် ၆ သန်းတည်းနဲ့ဘရာဇီးကလပ်ကနေ ခေါ်ယူထားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်က အာဆင်နယ်အသင်းရဲ့ အမှုဆောင်ချုပ် အီဒူထံ အပြောင်းအရွှေ့တစ်ခုအ တွက်စာပေးပို့ ဆက်သွယ်ထားတယ်လို့ Express သတင်းဌာနက ဖော်ပြလာပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးက ပြီးခဲ့တဲ့ ရက်တုန်းက နောက်ဆုံးတွေ့ဆုံထားရာမှာ လူငယ်တွေ စီးချင်းထိုးတဲ့ တိုက်ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန်အတွင်း ၅ ဂိုးစီသရေကျခဲ့တာပါ။

အဲ့နောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ လီဗာပူးက ၅-၄ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်ဖလားရဲ့ ကွာတားဖိုင် နယ်ကို တက်လှမ်းသွားပါတယ်။

လီဗာပူး နည်းပြ ကလော့ပ်ကတော့ အာဆင်နယ်အသင်းက ဒီနှစ်မှာမှ ခေါ်ယူထားတဲ့ ဘရာဇီး တိုက်စစ်မှူး မာတီနယ်လီကို မျက်စိကျနေခဲ့တာဖြစ်ပြီး မာတီနယ်လီကလည်း မျက်စိကျချင်လောက်အောင် စွမ်းဆောင်ပြထား တာပါ။

လီဗာပူးနဲ့ပွဲမှာ တစ်ဦီးတည်း နှစ်ဂိုးသွင်းယူခဲ့သလို ကစားထားတဲ့ ၇ ပွဲမှာလည်း ၇ ဂိုးထိသွင်းယူထားတာ ဖြစ်ပါတယ်။



“အခုလို အပြောင်းအရွှေ့အတွက်စကားစရတာ တစ်ပွဲတည်းကြောင့်မဟုတ်ပါဘူး၊သူကစားတာကို အများကြီး လေ့လာပြီးမှ ဆုံးဖြတ်တာပါ။သူ့အသက် ၁၈ နှစ်ပဲရှိသေးတယ် ဒါကြောင့် ကျွန်တော်တို့ရဲ့ ကင်းထောက်အဖွဲ့တွေ ရဲ့ အဓိကလုပ်ဆောင်ချက်ထဲမှာ အသက်ကလည်း အရေးကြီးပါတယ်။သူကအသင်းအတွက်အသင့်တော်ဆုံးသော ကစားသမားအဖြစ် လက်ရှိမှာ မြင်ထားတာပါ။အီဒူအနေနဲ့လည်း သူနဲ့ပတ်သက်ပြီး အကောင်းဆုံး ပူးပေါင်းပေး နိုင်မယ်လို့ ထင်ပါတယ်။”လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

အပြောင်းအရွေ့အတွက် အတင်းဖိအားပေးသွားမှာ မဟုတ်ပဲ ကောင်းတဲ့ ကစားသမားတွေကို ကြိုက်နှစ်သက်တာ ကြောင့်သာ အမြဲတမ်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေရခြင်းဖြစ်တယ်လို့လည်း ကလော့ပ်က ဆက်လက်ပြောခဲ့ ပါသေးတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ကြားရက်မှာ ယူရိုပါလိဂ်ပွဲကစားဖို့ ရှိနေသေးလို့ ယူရိုပါလိဂ်ပွဲတွေမှာ မာတီနယ်လီက တောက်လျှောက် ပွဲထွက်ခွင့်ရနေတော့ ဒီတစ်ပွဲမှာလည်း ပွဲထွက်ခွင့်ထပ်ကြုံဖို့ များနေပါတယ်။

Share

က္က