ဘာစီလိုနာမှာ မပျော်တော့ဘူးလို့သတင်းတွေထွက်ပေါ်နေသူ တစ်ဦးဖြစ်ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးပြီး ဘာစီလိုနာမှာ မပျော်တော့ဘူးလို့ သတင်းတွေထွက်ပေါ်နေချိန် ၎င်းရဲ့ ပရိသတ်လို့ ထုတ်ဖော်ပြောထားတဲ့ အူနိုင်းရဲ့ အာဆင်နယ်အသင်းသားတွေ ညစာ အတူစားခဲ့တာကြောင့် သတင်းတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။



Photo - Daily Mail

 

အာဆင်နယ်အသင်းသားတွေနဲ့အတူ ညစာ အတူစားနေတဲ့ ဒမ်ဘီလီရဲ့ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက် အာဆင်နယ် ပရိသတ်တွေကြား ကောလဟာလတွေ များစွာ ထွက်ပေါ်နေပါတယ်။

ပွဲပြီးဆုံးခါနီး ၁၇ စက္ကန့်အလိုမှာရရှိခဲ့တဲ့ချေပဂိုးကြောင့် ရလဒ်ပြောင်းပြန်ဖြစ်ခဲ့တဲ့ အာဆင်နယ်-ချယ်ဆီးတို့ပွဲစဉ် 

ဘာစီလိုနာမှာ မပျော်တော့ဘူးလို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒမ်ဘီလီကို လန်ဒန်မှာ အာဆင်နယ်အသင်းသားတွေနဲ့ ညစာအတူစားနေတဲ့ ဓာတ်ပုံက များစွာ အတွေးတွေဝင်စေခဲ့တာလည်း ဖြစ်ပါတယ်။

Photo -AFP

 

ဒီပုံကိုတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းရဲ့ အဖေက ၎င်းရဲ့ ကိုယ်ပိုင် အင်စတာဂရမ်မှာတင်ခဲ့တာဖြစ်ပြီး သူ့သားနဲ့အတူ ကစားသမား ၅ ယောက် ညစာစားနေကြတာ ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒမ်ဘီလီနဲ့ အူဘာမီယန်းတို့ နှစ်ဦးအနေနဲ့ ဒေါ့မွန်မှာ အတူရှိစဉ်ကတည်းက ရင်းနှီးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပြီး အခုလို မြင်ကွင်းမျိုးကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက ဒမ်ဘီလီကို အာဆင်နယ်ခေါ်ယူဖို့နီးစပ်နေပြီလို့ ယုံကြည်နေကြပါတယ်။

Photo - Getty Image

 

နည်းပြသစ်ဖြစ်တဲ့ အူနိုင်းကလည်း ဒမ်ဘီလီရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောထားသလို မယ်လ်ကွန်ကို ခေါ်နိုင်ခဲ့တဲ့ဘာစီလိုနာ အသင်းထံကနေ ခေါ်ယူနိုင်ရေး ဆန္ဒရှိတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းကလည်း အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အာရွန်ရမ်ဆေးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ရှိနေလို့ ဒီကစားသမားနှစ်ဦးအလဲအလှယ်လုပ်သွားမလားဆိုတာကလည်း စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ဒမ်ဘီလီက မနှစ်ကဘောလုံးရာသီကမှ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး တံကောက်ကြော ဒဏ်ရာကြောင့် လာလီဂါ ပွဲ ၁၇ ပွဲလောက်သာ ပါဝင်ပေးနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်တာကြောင့် အာဆင်နယ် အသင်း ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ များစွာ အကျိုးရှိမယ့်ခေါ်ယူမှု တစ်ရပ် ဖြစ်လာဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က