အာဆင်နယ်နဲ့ပွဲအပြီးမှာ အိုလံပီယာကော့စ်အသင်းပိုင်ရှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာ ပြန်ကန်ပွဲစီစဥ်ထားတဲ့ မန်စီးတီးနဲ့အာဆင်နယ် အသင်းတို့ရဲ့ ပြန်ကန်ပွဲကို ထပ်မံ ရွှေ့ဆိုင်းလိုက် တာလို့ Daily Mail က သတင်းထုတ်ပြန်လာပါတယ်။
အကြောင်းကတော့ အာဆင်နယ်အသင်းက အိုလံပီယာကော့စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲ ကစားခဲ့အပြီးမှာ အိုလံပီယာကော့စ်အသင်းပိုင်ရှင် အနေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာတာကြောင့်ပါ။
အိုလံပီယာကော့စ်အသင်းပိုင်ရှင်အနေနဲ့ အီးမရိတ်မှာ လာကစားတဲ့ပွဲမှာ အသင်းနဲ့အတူ လိုက်ပါ ကြည့်ရှုအားပေး ခဲ့ပြီး အာဆင်နယ်အသင်းသားတွေနဲ့ တွေ့ဆုံ လက်ဆွဲနှုတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ၂ပတ်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ခံစားနေရတယ်လို့ မာရီနာကစ်က သူ့ရဲ့ တွစ်တာအကောင့် ကတဆင့် ဖော်ပြလာတာပါ။
လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းက အိုလံပီယာကော့စ်အသင်းပိုင်ရှင်နဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့တဲ့ အသင်း သားတွေကို ရှာဖွေဖော်ထုတ်ပြီး စစ်ဆေးသွားပေးမယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
အခုလို ထုတ်ပြန်လာသည့်တိုင် လေ့ကျင့်ရေးအစီအစဥ်ကို ပုံမှန်အတိုင်း သောကြာနေ့မှာ ပြန်လည်စတင်စေမှာ ဖြစ်ပြီး မာရီနာကစ်နဲ့ နှုတ်ဆက်ခဲ့တဲ့ ကစားသမားတွေကို အိမ်မှာ ၁၄ရက်ကြာ နေစေမှာ ဖြစ်သလို ဝန်ထမ်း ၄ ဦး ကိုလည်း အိမ်မှာ နေစေမယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
တဆက်တည်းမှာပဲ အာဆင်နယ်အသင်းက မန်ချက်စတာအတွက် လက်မှတ်တွေဝယ်ထားတဲ့ ပရိသတ်တွေ စိတ်ပျက်နေမယ်ဆိုတာ သိပြီး ဒီလက်မှတ် တွေက ပွဲပြန်ကန်ဖြစ်ရင် အကြုံးဝင်တယ်လို့လည်း သိရပါတယ်။
အိုလံပီယာကော့စ် အသင်းသားတွေနဲ့ ဝန်ထမ်းအဖွဲ့ဝင်တွေ အကုန်လုံးလည်း ဆေးရုံမှာ ဆေးစစ်မှုတွေ ခံယူရမယ်လို့ သိရပါတယ်။
မန်စီးတီး-အာဆင်နယ် ပြန်ကန်ပွဲကိုတော့ ဘယ်အချိန်ပြန်ကန်မလဲဆိုတာ အတိအကျ သတင်းမထုတ်ပြန်ပေး သေးပါဘူး။