ပရီးမီးယားလိဂ်ပွဲစဉ်တွေကို သြဂုတ်လအပြီးကျင်းပရမှာပါ။

နည်းပြအာတီတာကို ရောဂါကူးစက်ခဲ့ပေမယ့်လည်း ပြန်လည်သက်သာပျောက်ကင်းခဲ့ပြီဖြစ်တဲ့အတွက် လေ့ကျ င့်ရေးအစီအစဉ်တွေကို စတင်လုပ်ဆောင်နေခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ဖို့ ညှိနှိုင်းမှုတွေ၊ သဘောတူညီမှုတွေရရှိနေခြင်းနဲ့အတူ အာဆင်နယ်အ သင်းကလည်း လေ့ကျင့်ရေးအစီအစဉ်တွေကိုလာမယ့်ရက်အနည်းငယ်အတွင်းပြန်လည်စတင်ပြုလုပ်တော့မယ် လို့ အတည်ပြုမှုကို Reuters ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ အာတီတာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော်လည်း ပြန်လ ည်သက်သာပျောက်ကင်းလာခဲ့ပြီဖြစ်တဲ့အတွက် လေ့ကျင့်ရေးအစီအစဉ်အချို့လုပ်ဆောင်မှုသတ်မှတ်လုပ်ဆော င်နေပြီလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုအရ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း လေ့ကျင့်ရေးအစီအစဉ်များကိုပြန် လည်စတင်မှာဖြစ်ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခု ( Social Distancing rules ) စည်းကမ်းကိုလည်း ကျင့်သုံးဖို့ရှိနေ တယ်လို့ သိရပါတယ်။

လေ့ကျင့်ရေးအစီအစဉ်အတွင်း အဓိက,ကစားသမားအများစုအားလုံးပါဝင်လုပ်ဆောင်ကြမှာဖြစ်ပြီး အသင်းရဲ့ အတည်ပြုချက်အရ နည်းပြအာတီတာမှလွဲ၍ အသင်းနည်းပြအဖွဲ့ဝင်အားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ရှိနေပြီး လေ့ကျင့်မှုစတင်မယ့်နေ့ရက်ကို မကြာမီထပ်မံအတည်ပြုကြေညာမယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ ပြန်ပါတယ်။

ဆက်စပ်သတင်းတွေအရ အာဆင်နယ်အသင်းနည်းတူ အခြားသောပရီးမီးယားလိဂ်အသင်းတွေလည်းသတ်မှ တ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လေ့ကျင့်ပြင်ဆင်မှုတွေပြန်လည်စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အစိုး ရရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားကြဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က